မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဝင်းမောင်မြင်းခြံခရိုင် လေးမြို့နယ် တွေ့ဆုံပွဲတွင် အမှာစကား ပြောကြား

 

နွားထိုးကြီး ဇွန် ၁၁

မြင်းခြံခရိုင်အတွင်းရှိ မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီး၊ ငါန်းဇွန်စသည့် လေးမြို့နယ် တွေ့ဆုံပွဲကို ယမန်နေ့နံနက် ၁ဝ နာရီမှ မွန်းတည့် ၁၂ နာရီအထိ နွားထိုးကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ပါတီဗဟိုအလုပ်အမှုဆောင် မန္တလေးတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးဝင်းမောင် တက်ရောက်အမှာစကား ပြောကြား ခဲ့သည်။

တွေ့ဆုံပွဲတွင် မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဝင်းမောင်က အဖွင့်အမှာစကား ပြောကြား ပြီးနောက် နွားထိုးကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးကြည်ဖေက ပါတီရှေ့လုပ်ငန်းစဉ်များနှင့် နွားထိုးကြီး မြို့နယ်၏ လက်ရှိအခြေအနေကို ဆွေးနွေးတင်ပြခဲ့သည်။ ဆက်လက်၍ မြင်းခြံ၊ တောင်သာနှင့် ငါန်းဇွန် မြို့နယ်တို့မှ မြို့နယ်ပါတီဥက္ကဋ္ဌ အသီးသီးကလည်း မြို့နယ်အလိုက်ပါတီ လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေ များအား တင်ပြဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထို့နောက် မြင်းခြံခရိုင် ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ ဦးကျော်တင်က ပြန်လည် ဆွေးနွေးတင်ပြခဲ့ပြီးနောက် မန္တလေးတိုင်း ဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင် မြင်းခြံခရိုင် နယ်မြေတာဝန်ခံ ဦးမြတ်သူက ဆွေးနွေးတင်ပြမှုများအပေါ် ပြန်လည် ရှင်းလင်းဆွေးနွေးခဲ့သည်။ တွေ့ဆုံပွဲသို့ ပါတီဗဟိုအလုပ်အမှု ဆောင်မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ ဦးဝင်းမောင်၊ မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင် မြင်းခြံခရိုင် နယ်မြေတာဝန်ခံ ဦးမြတ်သူ၊ မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင် ဦးတင့်လွင်ဦး၊ မြင်းခြံခရိုင် ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ ဦးကျော်တင်၊ ခရိုင်အတွင်းရေးမှူး ဦးမျိုးကျော်ဇင်၊ မြင်းခြံခရိုင် အတွင်းရှိ လေးမြို့နယ်မှ ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် ဘဏ္ဍာရေးမှူးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ သုတ(မန္တလေး)