ကြို့ပင်ကောက်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်းစည်းဝေး

 

ကြို့ပင်ကောက် ဇွန် ၃

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၉ နာရီ မိနစ် ၃ဝ က ကျင်းပခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် တိုင်းကော်မတီဝင် ဦးသန်းဇော်ထွန်းက ပါတီကိစ္စများ၊ ခရိုင်ပါတီကော်မတီဝင် ဦးအောင်ကို လတ်က ပါတီရေးရာ ကိစ္စရပ်များ၊ ခရိုင်ပါတီအတွင်းရေး မှူးဦးလှမြင့်က ပါတီဝင်တိုင်း၏ သိမှတ်ဖွယ်ရာ သိကောင်းစရာများ၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးခင်မောင်လွင်နှင့် အတွင်းရေးမှူး ဦးသိန်းစိုးတို့က အထွေထွေ ကိစ္စရပ်များကို ဆွေး နွေးခဲ့ကြောင်း သိရသည်။

အစည်းအဝေးသို့ တိုင်းပါတီ ကော်မတီဝင်၊ ခရိုင်ပါတီအတွင်းရေးမှူး၊ ခရိုင်ပါတီကော်မတီဝင်၊ မြို့နယ်ပါတီဥက္ကဋ္ဌ၊ မြို့နယ်ပါတီ ကော်မတီဝင်များနှင့် ပါတီရုံးအဖွဲ့များ တက်ရောက်ခဲ့ကြောင်း သိရသည်။

စိုးတင်မြင့်(ရွှေကြို့မြေ)