ဝေါမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မိသားစုဝင်များ စုပေါင်း၍ ဘိုးဘွားများအား တစ်နေ့တာ အာဟာရဒါန လှူဒါန်း

 

ဝေါ ဇွန် ၃

ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင် ဝေါမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပါတီမိသားစုဝင်များ စုပေါင်း ၍ ယမန်နေ့ နံနက် ၉ နာရီက ဝေါမြို့ ဘိုးဘွားရိပ်သာတွင် တစ်နေ့တာ အာဟာရ လှူဒါန်းငွေ ကျပ်တစ်သိန်း လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါ လှူဒါန်းပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပဲခူးခရိုင် ကော်မတီဝင် ဦးကျော်ဇောနှင့် ဝေါမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးမောင်ယ၊ အတွင်းရေးမှူး ဦးသက်တိုးဝင်း၊ မြို့နယ် ပါတီကော်တီဝင် ဦးသောင်းထွန်းနှင့် ပါတီကော်မတီဝင်များ၊ မြို့ပေါ်ပါတီဝင်များ တက်ရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။

အောင်မြတ်လင်း(ဝေါ)