ပြည်ခိုင်ဖြိုးပါတီ တပ်ကုန်းမြို့နယ် ရေနွေးကြမ်းစကားဝိုင်း ပြုလုပ်

 

နေပြည်တော် ဇွန် ၃

နေပြည်တော် ပြည်ထောင်စုနယ်မြေ တပ်ကုန်းမြို့နယ် ဗျိုင်းအင်းအုပ်စု ဗျိုင်းအင်းကျေးရွာ ရပ်ကျေး ကော်မတီ ဥက္ကဋ္ဌ ဦးစိုးတင့် နေအိမ်၌ ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲတွင် မြို့နယ်နှင့် ရပ်ကျေးပါတီများ၊ ပြည်သူများဖြင့် ရေနွေးကြမ်း စကားဝိုင်း ပြုလုပ်ခဲ့သည်။ စကားဝိုင်းတွင် ပြည်ထောင်စုနယ်မြေ ကော်မတီဝင် ဦးဖေအံ့မောင်က မေ ၃ဝ ရက်တွင် နိုင်ငံရေးပါတီ ၂၄ ပါတီ စုပေါင်း၍ အဘက်ဘက်မှ ယိုယွင်းကျဆင်းနေသော နိုင်ငံတော်၏ အခြေအနေ အရပ်ရပ်ကို ဝိုင်းဝန်းအဖြေရှာ ပြုပြင်တည့်မတ်နိုင်ရေး နိုင်ငံတော်သမ္မတထံ အကြုံပြုသည့် အိတ်ဖွင့်ပေးစာပါ အကြောင်းအရာ ပါများကို ပြည်သူလူထုသိရှိ နားလည်အောင် ရှင်းလင်းပြောကြားခဲ့ပြီး ပေးပို့ ထားသည့် အကြံပြုစာ မိတ္တူများ ဖြန့်ဝေပေး ခဲ့သည်။

ယင်းနောက် ခရိုင်ကော်မတီဝင် ဦးဇော်မျိုးသိန်း၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးဝင်းဗိုလ်က လက်ရှိနိုင်ငံ ရေးအခြေ အနေများကို ဆွေးနွေးခဲ့ပြီး ပါတီဝန်းရံသူ ဦးသော်ဇင်ဝင်းက ပြည်သူလူထုနှင့် ရင်းရင်းနှီး နှီးမိတ်ဆက် စကားများ ပြောကြားခဲ့ကြပြီး ရေနွေးကြမ်းစကားဝိုင်းတွင် အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အောင်အောင်(နေပြည်တော်)