ရှမ်းအရှေ့ ပြည်ခိုင်ဖြိုးပါတီမှ တောင်သူလယ်သမားများအား ကူညီထာက်ပံ့
ဇွန်လ ၂
ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းယောင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ခရိုင်ကော်မတီဝင်များ မြို့နယ်ပါတီဥက္ကဋ္ဌ အတွင်းရေးမှူးနှင့် ကော်မတီဝင်များသည် ယမန်နေ့ နေ့လည်ပိုင်းတွင် အမှတ် (၄) ရပ်ကွက်၌ မြို့ပေါ်ရပ်ကွက်ရှိ တောင်သူလယ်သမားများနှင့် တွေ့ဆုံဆွေးနွေး ခဲ့ပါသည်။ ထိုသို့တွေဆုံရာတွင် မြို့နယ်ပါတီ ဥက္ကဋ္ဌက ယနေ့နိုင်ငံတော်၏ လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးစီးပွားရေး လူမှုရေး တရားဥပဒေစိုးမိုးရေး လုံခြုံရေး ကိစ္စများကို ဆွေးဆွေး၍ မြို့နယ်ပါတီအတွင်းရေးမှူး ဦးစိုင်းခမ်းလူးက တောင်သူလယ်သမား ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေး ကြပါသည်။ ယင်းနောက် တောင်သူလယ်သမားများ လယ်ရေရရှိရေးအတွက် ဆည်ပြုပြင်ရန်နှင့် မြောင်းဆည်ရာတွင် လိုအပ်သောသစ် ဝါးများ ဝယ်ယူရေးအတွက် အဖွဲ့ခေါင်းဆောင်ထံ ရန်ပုံငွေ တစ်သိန်းကျပ် ထောက်ပံ့ပေးအပ် ခဲ့ပါသည်။ရှမ်းပြည်နယ် အရှေ့ပိုင်း သတင်းစုံ