ဂေါက်အိတ်သယ်ပေးသူကို ကီဗင်နာက မော်တော်ကားလက်ဆောင် ပြန်လည်ပေးအပ်ခဲ့

ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ကျင်းပပြီးစီးခဲ့တဲ့ ချားလက်စ်ရှဝပ်ချဲလင့် ဂေါက်သီးရိုက်ပြိုင်ပွဲမှာ အနိုင်ရခဲ့တဲ့ အမေရိကန်နိုင်ငံသား ကီဗင်နာဟာ ပြိုင်ပွဲတစ်လျှောက်သူ့ရဲ့ ဂေါက်အိတ်ကိုသယ်ပေးခဲ့တဲ့ ကန်နီဟမ်းကို မော်တော်ကား လက်ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

သတ်မှတ်ရိုက်ချက်အောက်(၁၃)ချက်လျော့ရိုက်ပြီး ချန်ပီယံဖြစ်ခဲ့တဲ့ ကီဗင်နာဟာ ချန်ပီယံအဖြစ်ရရှိတဲ့(1973 Dodge Challenger)ကားကို သူ့ရဲ့ကက်ဒီဖြစ်တဲ့ ကန်နီဟမ်းကို လက်ဆောင်ပြန်ပေးခဲ့တာဖြစ်ပါတယ်။ “ကျွန်တော်နဲ့ ကန်နီက ညီအစ်ကိုတွေလိုပါပဲ။ အခုလိုလက်ဆောင်ပေးခွင့်ရတဲ့အတွက် ကျွန်တော်က ပိုပြီးတောင် ပျော်ရွှင်ရပါတယ်”လို့ ကစားသမားဘ၀ (၃)ခုမြောက် ပီဂျီအေတိုးချန်ပီယံဆုကို ရယူနိုင်ခဲ့တဲ့ ကီဗင်နာက ပြောကြားခဲ့ပါတယ်။ အခု ပြိုင်ပွဲရဲ့ ချန်ပီယံ ကစားသမားစာရင်းမှာ သူ့နာမည်ကိုရေးထိုးနိုင်ဖို့အတွက် ကန်နီဟမ်းရဲ့ အကူအညီတွေက အများကြီး ထိရောက်မှု ရှိခဲ့ပါတယ်လို့လည်း ကီဗင်နာက ပြောကြားခဲ့ပါတယ်။ 

-Ref:Skysport