မြန်မာလူငယ် ဖွံ့ဖြိုးတိုးတက်ရေးအသင်း (M.Y.D.A) အသင်းဝင်အဆိုပြုလွှာ ပေးအပ်ပွဲ အခမ်းအနား ကျင်းပ

 

ကယား မေ ၂၈

ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် မြန်မာ လူငယ်ဖွံ့ဖြိုး တိုးတက်ရေးအသင်း Myanmar Youth Development Association (M.Y.D.A) အသင်းဝင် အဆိုပြုလွှာပေးအပ်ပွဲ အခမ်းအနား ကျင်းပခဲ့သည်။

ပထမဦးစွာ အခမ်းအနားကို နိုင်ငံတော်အလံအလေးပြုပြီး နိုင်ငံတော်သီချင်းဖြင့် ဖွင့်လှစ်ခဲ့သည်။ ယင်းနောက် မြန်မာလူငယ် ဖွံ့ဖြိုးတိုးတက်ရေးအသင်း ကယားပြည်နယ်ဥက္ကဋ္ဌ ဦးတင်ဦးက မြန်မာလူငယ် ဖွံ့ဖြိုးတိုးတက်ရေး အသင်း တာဝန်ရှိသူများနှင့် မိတ်ဆက်ပေး ခဲ့ကြသည်။

ဆက်လက်ပြီး မြန်မာလူငယ် ဖွံ့ဖြိုးတိုးတက်ရေးအသင်းနာယက ဒေါက်တာစန်းစန်းနွယ်က နှုတ်ခွန်းဆက်စကား ပြောကြားသည်။ ဆက်လက်ပြီး မြန်မာလူငယ် ဖွံ့ဖြိုးတိုးတက်ရေးအသင်းဥက္ကဋ္ဌ ဦးမြင့်လွင်ဦးက မြန်မာလူငယ် ဖွံ့ဖြိုးတိုးတက်ရေးအသင်း၏ မူဝါဒနှင့်ရည်ရွယ်ချက်များ ရှင်းလင်းတင်ပြပြီး မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေး အသင်းအတွင်းရေးမှူး ဦးရဲထွဋ်အောင်က လုပ်ငန်းစဉ်နှင့် ရှေ့ဆက်လုပ်ငန်းစဉ်များအား အသေးစိတ် ဆွေးနွေး ခဲ့သည်။ ယင်းနောက် မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း တာဝန်ရှိသူများက ကယားပြည်နယ်အတွင်း မြို့နယ်ခုနစ်မြို့နယ်မှ အသင်းဝင်များအား အသင်းရင်ထိုး တံဆိပ်အသီးသီး တပ်ဆင်ပေးအပ် ခဲ့ကြသည်။

ဆက်လက်ပြီး မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်းဥက္ကဋ္ဌ ဦးမြင့်လွင်ဦးက ကယားပြည်နယ် မြန်မာလူငယ် ဖွံ့ဖြိုးတိုးတက်ရေးအသင်းဥက္ကဋ္ဌ ဦးတင်ဦးထံ အသင်းလုပ်ငန်းကိစ္စရပ်များ ဆောင်ရွက်ရန် အတွက် ဗဟိုအသင်းမှ အလှူငွေကျပ် တစ်သိန်းပေးအပ် လှူဒါန်းခဲ့သည်။

ယင်းနောက် မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေး အသင်းဥက္ကဋ္ဌ ဦးမြင့်လွင်ဦးက နိဂုံးချုပ်အမှာစကား ပြောကြား ခဲ့သည်။ မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း Myanmar Youth Development Association (M.Y.D.A) အသင်းဝင် အဆိုပြုလွှာပေးအပ်ပွဲ အခမ်းအနားသို့ မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေး အသင်းနာယက ဒေါက်တာ စန်းစန်းနွယ်၊ ဥက္ကဋ္ဌဦးမြင့်လွင်ဦး၊ အတွင်းရေးမှူးများဖြစ်ကြသော ဦးရဲထွဋ်အောင်နှင့် ဒေါ်ခင်ရွှေမြင့်၊ ကယားပြည်နယ် မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေး အသင်းဥက္ကဋ္ဌ ဦးတင်ဦးနှင့် ကယားပြည်နယ်အတွင်း မြို့နယ် အသီးသီးမှ အသင်းဝင်များအား အသင်းဝင်ကတ်ပြား ၁၂၃ ခုပေးအပ်ခဲ့ပြီး မွန်းလွဲ ၂ နာရီ ၁၅ မိနစ်တွင် အောင်မြင်စွာ ပြီးစီးကြောင်း သိရသည်။

မမောင်(ချိကယ်သူ)