ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် (ကချင်ပြည်နယ်တာဝန်ခံ) နှင့်အဖွဲ့ ချီဖွေမြို့နယ် ပါတီကော်မတီဝင်များ၊ ပါတီဝင်များနှင့် တွေ့ဆုံပွဲကျင်းပ
ချီဖွေ။ မေ ၂၈
ယမန်နေ့ (၂၈-၅-၂၀၁၉) ရက်နေ့ နေ့လည် ၁၂၀၀ မှ ၁၃း ၃၀ နာရီအချိန်ထိ ဗဟိုအလုပ်အမှုဆောင်နှင့်အဖွဲ့သည် ချီဖွေမြို့နယ် ပါတီကော်မတီများ၊ ပါတီဝင်များနှင့် တွေ့ဆုံပွဲကို ချီဖွေမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အစည်းအဝေး ခန်းမ၌ ပြုလုပ်ခဲ့ပြီး၊ အခမ်းအနားမှူးအဖြစ် မြို့နယ်ပါတီ ကော်မတီဝင် ဒေါ်ခေါင်ဘန်းမှ ဆောင်ရွက်ခဲ့ပါသည်။
တွေ့ဆုံပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်၊ ကချင်ပြည်နယ် တာဝန်ခံ ဒေါက်တာအောင်မြတ်ဦး၊ ဗဟိုအလုပ်အမှုဆောင်၊ ကချင်ပြည်နယ်ပါတီဥက္ကဌ ဦးရားဝမ်ဂျုံ၊ ဗဟိုကော်မတီဝင်၊ ပြည်နယ်ပါတီ အရန်ကော်မတီဝင် ဦးဘီထောဇောင်း၊ မြစ်ကြီးနားခရိုင် ပါတီဥက္ကဌ ဦးထွန်းဖေ၊ ချီဖွေမြို့နယ် ပါတီဥက္ကဌ ဦးဆောင်ဇုန်း၊ အတွင်းရေးမှူး ဦးလှရှိန်ဒေါင်ခေါင်၊ ကော်မတီဝင်များ ဖြစ်ကြသော ဦးဇုန်းခေါ၊ ဦးဝဆောင်ဇုန်း၊ ဦးဘီဇောင်းလွမ်း၊ ဒေါ်ခေါင်ဘန်း၊ မြို့နယ်အရန် ကော်မတီဝင်များ ဖြစ်ကြသော ဦးဂွမ်ဂျာ၊ ဦးတိန့်ဆောင်၊ ချီဖွေမြို့နယ် ပြည်ခိုင်ဖြိုး ပါတီဝင်များ စုစုပေါင်းအင်အား (၆၀) ဦးခန့် တက်ရောက် ခဲ့ကြပါသည်။
အခမ်းအနား အစီအစဉ်အရ ဗဟိုအလုပ်အမှုဆောင်၊ ကချင်ပြည်နယ် တာဝန်ခံမှ အဖွင့်အမှာစကားပြောကြားခြင်း၊ ဆက်လက်၍ ဗဟိုအလုပ်အမှုဆောင်၊ ကချင်ပြည်နယ် ပါတီဥက္ကဌမှ လွမ်းညွှန်အမှာ စကားပြောကြားခြင်း၊ ချီဖွေမြို့နယ် ပါတီဥက္ကဌမှ မိမိတို့ မြို့နယ်ပါတီ၏ အခြေအနေကို သုံးသပ်ဆွေးနွေးတင်ပြခြင်း၊ တက်ရောက်လာသော ပါတီဝင်အချို့မှ ၂၀၂၀ ခုနှစ် ပါတီ အောင်နိုင်ရေးအတွက် ဆွေးနွေးတင်ပြခြင်း၊ ထို့နောက်တွင် ဗဟိုအလုပ်အမှုဆောင်၊ ကချင်ပြည်နယ်ပါတီဥက္ကဌမှ မြို့နယ်ပါတီဥက္ကဌ၊ ပါတီဝင်များ တင်ပြလာမှုအပေါ် ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပြီး၊ ဆက်လက်ပြီး ဗဟိုအလုပ်အမှုဆောင်၊ ကချင်ပြည်နယ်တာဝန်ခံ၊ ကချင်ပြည်နယ်ပါတီ ဥက္ကဌမှ ယူဆောင်လာသော ပါတီလုံချည်များ လက်ဆောင်အဖြစ် ပေးအပ်ရာတွင် ဒေသခံ ပါတီဝင်များမှ လက်ခံရယူ ခဲ့ကြပါသည်။
ထို့နောက် ဗဟိုအလုပ်အမှုဆောင်၊ ကချင်ပြည်နယ် တာဝန်ခံမှ နိဂုံးချုပ်အမှာစကား ပြောကြားကာ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိ ပါသည်။ Usdp Kachin State