သံတွဲမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဆိုင်းဘုတ်တင်ပွဲ ပြုလုပ်

 

သံတွဲ မေ ၂၈

ရခိုင်ပြည်နယ် သံတွဲမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရပ်ကွက်/ကျေးရွာ အုပ်စု ပါတီဆိုင်းဘုတ်တင်ပွဲကို သံတွဲမြို့နယ် အလယ်ရွာကျေးရွာအုပ်စုနှင့် ကျွန်းပေါက်ကျေးရွာအုပ်စုတို့တွင် ယမန်နေ့ နံနက်(၇:၀၀)နာရီမှ (၁၀:၀၀)နာရီထိ ကျင်းပပြုလုပ် ခဲ့သည်။

အဆိုပါ ဆိုင်းဘုတ်တင်ပွဲသို့ မြို့နယ်ပါတီဥက္ကဌ ဦးစန်းနိုင်, ဘဏ္ဍာရေးမှူး ဦးရဲမြင့်၊ နယ်မြေတာဝန်ခံ မြို့နယ်ကော်မတီ ဦးခင်မောင်၊ အရံကော်မတီ ဦးလှညွှန့်နှင့် လူငယ်ပါတီဝင်များ အမျိုးသမီးရေးရာ ပါတီဝင်များ ရပ်/ကျေး ပါတီဥက္ကဌများ တက်ရောက်ကြ၍ ကျေးရွာရပ်မိ/ဖများနှင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ၂၀၂၀ ပါတီအောင်နိုင်ရေးများ ဆွေးနွေးနှီးနှော ဖလှယ်ကြပြီး ပါတီဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကို လူငယ်ပါတီဝင်များမှ ရခိုင်စည်တော်တီးခတ်ပြီး အောင်မြင်စွာကျင်းပခဲ့သည်။  Aung Myo Oo