ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် ပြည်ခိုင်ဖြိုးပါတီ နိုင်ငံရေး ရေနွေးကြမ်းစကားဝိုင်းများ နေရာအနှံ့ကျင်းပ

 

ရန်ကုန် မေ ၂၇

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဦးဆောင်၍ ပါတီဝင်များ၊ ပြည်သူများဖြင့် အမှတ် (၂၅) ရပ်ကွက်နှင့် ရပ်ကွက်အသီးသီးတွင် နိုင်ငံရေး ရေနွေးကြမ်းစကားဝိုင်း ဆွေးနွေးပွဲများကို ကျင်းပခဲ့သည်။

အဆိုပါနိုင်ငံရေး ရေနွေးကြမ်း ဆွေးနွေးပွဲသို့ မြို့နယ်ပါတီဥက္ကဋ္ဌ ဒေါ်စမ်းစမ်းဌေး၊ မြို့နယ်ကော်မတီဝင် ဦးဌေးဝင်းနှင့် ဒေါ်သင်းသင်းဆွေတို့က ဦးဆောင်ဆွေးနွေးခဲ့ပြီး တက်ရောက်လာသော ရပ်မိရပ်ဖများ၊ ရပ်ကွက်နေ ပြည်သူများက သိရှိလိုသည်များကို ပြန်လည်မေး မြန်းဆွေးနွေးခဲ့ကြပြီး ယမန်နေ့ နံနက် ၉ နာရီ တွင်စတင်သော ထိုရေနွေးကြမ်း စကားဝိုင်းသည်နံနက် ၁၁ နာရီ ခန့်တွင် ပြီးဆုံးခဲ့ကြောင်း သိရသည်။

ဇော်ရဲထွဋ်(ဒဂုံတောင်)