ကြို့ပင်ကောက်မြို့နယ်တွင် ပြည်ခိုင်ဖြိုး ဆိုင်းဘုတ်တင်ပွဲ ကျင်းပ

 

ကြို့ပင်ကောက် မေ ၂၃

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟို ကော်မတီဝင် ဦးဝင်းမြင့်စိုး ဦးဆောင်သောအဖွဲ့သည် ယမန်နေ့ နံနက် ၈ နာရီခွဲက မြို့ကိုင်းအုပ်စု မြို့ကိုင်းကွက်သစ် ကျေးရွာရှိ ပြည်ခိုင်ဖြိုးပါတီ ရပ်ကျေးဥက္ကဋ္ဌ ဦးသန်းဦး နေအိမ်တွင် ပြည်ခိုင်ဖြိုး ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကျင်းပ ခဲ့ကြောင်း သိရသည်။ ဖွင့်ပွဲတွင် ဒေါ်တင့်တင့်ခိုင် အခမ်းအနားမှူးက ဖွင့်လှစ်ကြောင်း ကြေညာပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် တိုင်းနာယက ဦးဝင်းမြင့်စိုးက အဖွင့်စကားများနှင့် ယနေ့ဖြစ်ပေါ်နေသော ပကတိအခြေအနေ အကြောင်းအရာများကို ဆွေးနွေးပြောကြား ခဲ့သည်။

ယင်းနောက် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်အတွင်းရေးမှူး ဦးသိန်းစိုး၊ ပြည်ခိုင်ဖြိုးမြို့နယ် ပါတီကော်မတီဝင်နယ်မြေ တာဝန်ခံ ဦးစံလှိုင်၊ မြို့နယ်ပါတီကော်မတီဝင်အမျိုးသမီးရေးရာ တာဝန်ခံ ဒေါ်သန္တာအောင်တို့က သိကောင်းစရာ များအား ပြောကြားသည်။

ဆက်လက်ကျင်းပရာ ရပ်/ကျေး ပါတီဥက္ကဋ္ဌ ဦးသိန်းဦးက ကျေးဇူးတင်စကား ပြောကြားပြီး ဖဲကြိုးဖြတ်ခြင်း အခမ်းအနားကျင်းပကာ ပါတီဗဟိုကော်မတီဝင် ဦးဝင်းမြင့်စိုး၊ ရပ်ကျေးပါတီဥက္ကဋ္ဌနှင့် ရပ်မိရပ်ဖများက အမွှေး နံ့သာရည်များ ဖြင့်ပက်ဖျန်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။ အခမ်းအနားအပြီး တွင်ပါတီ၏ ဗဟိုကော်မတီဝင် နှင့်အတူ ဒေသခံများ စုပေါင်းကာ မှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကူးခဲ့ကြောင်း သိရသည်။

စိုးတင်မြင့်(ရွှေကြို့မြေ)