ကျောင်းသား ၄၀၀ နီးပါးရဲ့ ကျောင်းစရိတ်ချေးငွေတွေ လှူလိုက်တဲ့ သန်းကြွယ်သူဋ္ဌေး

နည်းပညာရင်းနှီးမြှုပ် နှံသူ ဘီလျံနာသူဌေးကြီး ရော ဘတ်အက်ဖ်စမစ်က ၎င်းတို့၏ အကြွေးများကို ပေးချေမည်ဟု ပြောကြားခြင်းဖြင့် ဂျော်ဂျီယာပြည်နယ် မြို့တော်အတ္တလန်တာရှိ ဘွဲ့ရကျောင်းသားများကို အံ့အားသင့်စေခဲ့သည်။

အမေရိက၏ အရက်ရောဆုံး လူမည်းသူဌေးများတွင် ပါဝင်သော စမစ်သည် အစဉ်အလာအရ လူမည်း ယောက်ျားလေး ကောလိပ် Morehouse တွင် မိန့်ခွန်းပြောကြားခဲ့သည်။ ဒေါ်လာ သန်းနှင့်ချီ ကုန်ကျမည့် ယခုအစီအစဉ်တွင် ကျောင်းသား ၄၀၀ ခန့် အကျိုးခံစားခွင့်ရမည်ဖြစ်သည်။ ယင်းသတင်းကြောင့် ၂၀၁၉ အတန်းနှင့် ၎င်းတို့၏ ဆရာ၊ ဆရာမများ မှင်တက်ပြီးနောက် လက်ခုပ်ဩဘာ ပေးခဲ့သည်။ Forbes မဂ္ဂဇင်းအဆိုအရ စမစ် (၅၆)နှစ်သည် ကန်ဒေါ်လာ ငါးဘီလီယံ ချမ်းသာသည်ဟု သိရသည်။

 ‘‘ဒီနိုင်ငံမှာနေခဲ့တဲ့ ကျွန်တော့်မိသားစု မျိုးဆက်ရှစ်ခုရဲ့ ကိုယ်စား ကျွန်တော်တို့ဟာ မင်းတို့ရဲ့ဘဝအတွက် လောင်စာနည်းနည်း ထည့်ပေးတော့မှာပါ။ ဒါက ကျွန်တော့်ရဲ့ ၂၀၁၉ အတန်းပါ။ ကျွန်တော့်မိသားစုက ကျောင်းသား တွေရဲ့ အကြွေးတွေကို ဆပ်ပေးဖို့ ခွင့်ပြုခဲ့ပါတယ်’’ဟု စမစ်က ဘွဲ့ရကျောင်းသားများအား ပြောသည်။  စမစ်သည် Morehouse ကောလိပ်၌ ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ ရရှိမည်ဖြစ်ပြီး ကောလိပ်သို့ ကန်ဒေါ်လာ ၁ ဒသမ ၅ သန်း လှူဒါန်းမည်ဟု ကြေညာထားသည်။

—Ref: BBC