အောင်မြေသာစံမြို့နယ် ဥပုသ်တော်ရပ်ကွက် ရေနွေးကြမ်းစကားဝိုင်း ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင် ဦးမျိုးမြင့် တက်ရောက်

 

မန္တလေး မေ ၂၁

မန္တလေးမြို့ အောင်မြေသာစံ မြို့နယ် ဥပုသ်တော်ရပ်ကွက် ရပ်ကွက်ပါတီဥက္ကဋ္ဌ ဦးတင်မောင်မြင့် နေအိမ်တွင် ယမန်နေ့ နံနက် ၈ နာရီမှ ၉ နာရီထိ ရေနွေးကြမ်းစကားဝိုင်း ပြုလုပ်ခဲ့ရာ ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင် မန္တလေးတိုင်းဒေသကြီး ပါတီကော်မတီဝင် ဦးမျိုးမြင့် တက်ရောက် ဆွေးနွေးခဲ့သည်။ စကားဝိုင်းပြုလုပ်ရာတွင် တိုင်းဒေသကြီး ပါတီကော်မတီဝင် မန္တလေးခရိုင် နယ်မြေတာဝန်ခံ ဦးမျိုးမြင့်က ပါတီဝင်များ ချစ်ကြည်ရင်းနှီးမှု ခိုင်မာလာစေရေး၊ပါတီဝင် များအနေဖြင့် ပြည်သူလူထုအကျိုး စီးပွားဦးထိပ်ထား၍ ပြည်သူများနှင့် စဉ်ဆက်မပြတ် ထိတွေ့စေရေး၊ ပါတီစည်းရုံးရေးရာ ကိစ္စများ၊ပါတီ မှချမှတ်ထားသော မူဝါဒများကို လိုက်နာ၍ လာမည့်၂ဝ၂ဝရွေး ကောက်ပွဲတွင် ပါတီအောင်နိုင်မှု ရရှိစေရေး စသည်တို့ကို ဆွေးနွေးပြောကြား ခဲ့ပြီးနောက် အောင်မြေ သာစံမြို့နယ် ပါတီဥက္ကဋ္ဌ ဦးကိုကိုလေးနှင့် ရပ်ကွက်ပါတီဥက္ကဋ္ဌကလည်း နှုတ်ခွန်းဆက်စကား ပြောကြားခြင်းနှင့် ပါတီလုပ်ငန်းဆောင်ရွက်ထား ရှိမှုအခြေအနေများ တင်ပြဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။ စကားဝိုင်းသို့ ပါတီဗဟိုကော်မတီဝင် မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ တိုင်းဒေကြီးပါတီ ကော်မတီဝင် ဦးမျိုးမြင့်၊ မန္တလေးခရိုင် ပါတီကော်မတီဝင် ဦးညီညီမင်း၊ အောင်မြေသာစံမြို့နယ် ပါတီဥက္ကဋ္ဌ ဦးကိုကိုလေး၊ မြို့နယ်ပါတီ အတွင်းရေးမှူး ဦးဆွေချစ်စိုး၊ မြို့နယ်ပါတီကော်မတီဝင်များ၊ ဥပုသ်တော်ရပ်ကွက် ပါတီဥက္ကဋ္ဌ ဦးတင်မောင်မြင့်၊ ရပ်ကွက် ပါတီကော်မတီဝင်များ၊ ရပ်မိရပ်ဖများနှင့် ပါတီဝင်များ အပါအဝင် စုစုပေါင်း အင်အား ၃ဝခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

အလားတူ အောင်မြေသာစံမြို့နယ် အောင်မြေသာစံရပ်ကွက်ရှိ ပါတီကော်မတီဝင် တစ်ဦး၏ နေအိမ်တွင်လည်း ရေနွေးကြမ်း စကားဝိုင်းအား ယနေ့ ညနေ ၄ နာရီမှ ၅ နာရီအထိ ပြုလုပ်ခဲ့ရာ ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင် ဦးမျိုးမြင့်၊ မန္တလေးခရိုင် ပါတီကော်မတီဝင် ဦးညီညီမင်း၊ အောင်မြေသာစံမြို့နယ် ပါတီဥက္ကဋ္ဌ ဦးကိုကိုလေး၊ မြို့နယ်ပါတီ အတွင်းရေးမှူး ဦးဆွေချစ်စိုး၊ မြို့နယ်ပါတီကော်မတီဝင်များ၊ အောင်မြေသာစံ ရပ်ကွက်ပါတီဥက္ကဋ္ဌ ဦးသောင်းစိန်၊ ရပ်ကွက်ပါတီ ကော်မတီဝင်များ၊ ရပ်မိရပ်ဖများနှင့် ပါတီဝင်များ တက်ရောက် ဆွေးနွေးခဲ့ကြောင်း သိရသည်။   သုတ(မန္တလေး)