ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီ လူငယ်ရေးရာလှုပ်ရှားမှု တစ်ရပ်အနေဖြင့် ဆောင်ဒူလာကျေးရွာအုပ်စု ယူဆမိုဆိုကျေးရွာ အထက ခွဲ စာသင်ကျောင်းခြံစည်းရိုးအုတ်တိုင်ကာရံမှုအား လုပ်အားဒါန သွားရောက် ဆောင်ရွက်ခြင်း

 

ဒီးမော့ဆို – မေ ၂၀

ယနေ့ (၂၀-၅-၂၀၁၉)ရက်နေ့ နံနက်(၈း၀၀)နာရီ အချိန်ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီ လူငယ်ရေးရာ လုပ်ရှားမှု တစ်ရပ်အနေဖြင့် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ် ဆောင်ဒူလာကျေးရွာအုပ်စု ယူဆမိုဆိုကျေးရွာ အထက ခွဲ စာသင်ကျောင်းခြံစည်းရိုးအုတ်တိုင်ကာရံမှုအား လုပ်အားဒါန သွားရောက် ဆောင်ရွက်ကြပါသည်။

ယင်းသို့ဆောင်ရွက်ရာတွင် ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ပြည်နယ်ကော်မတီဝင်များ ဖြစ်ကြသော ဦးအောင်နိုင်ဦး (ပြည်နယ်လူငယ် ရေးရာတာဝန်ခံ) ဒေါ်နန်းယဉ်သီတာထွေး (ပြည်နယ် လူငယ်ရေးရာ ဒု- တာဝန်ခံ) လွိုင်ကော်မြို့နယ် ဦးအောင်ကျော်မြင့် (ပြည်နယ်လူငယ်ရေးရာလှုပ် ရှားမှု ဒု – တာဝန်ခံ) ပြည်နယ်ကော်မတီဝင် ဒေါ်ဗျားမြာမောင်နှင့် ဒီးမော့ဆိုမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဒေါ်မေရီယန် အတွင်းရေမှူး ဦးဝီလျံဇော်ထိုက်နှင့် မြို့နယ်ကော်မတီဝင်များ ဖရူဆိုမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးဆားရယ် မြို့နယ်(၇)မြို့နယ်မှ ပါတီလူငယ်ခေါင်းဆောင်နှင့် အဖွဲ့ဝင်များ စုစုပေါင်း အင်အား(၆၀)ကျော်တက်ရောက်ကြောင်းနှင့် ယနေ့ ပြည်ခိုင်ဖြိုးပါတီ လူငယ်အဖွဲ့သည် လုပ်အားဒါန ဆောင်ရွက်နေမှုကို ညနေ(၃း၀၀) အထိ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။