ကာတာလန်အစိုးရအဖွဲ့က ပေးအပ်တဲ့ ဂုဏ်ပြုဆုကို ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီ ရရှိ

ဘာစီလိုနာအသင်းရဲ့အာဂျင်တီးနားတိုက်စစ်မှူး လီယွန်နယ်မက်ဆီဟာ ကာတာလန်အစိုးရအဖွဲ့က ပေးအပ်တဲ့ ဂုဏ်ပြုဆုကို ကြာသပတေးနေ့က လက်ခံရယူခဲ့ပါတယ်။ မက်ဆီအနေနဲ့ အံအားသင့်ဖွယ်ရာ ကစားသမားဘ၀ကို ဖြတ်သန်းနိုင်ခဲ့သလို ကာတာလန်အခြေစိုက် ဘာစီလိုနာအသင်းကို အောင်မြင်မှုတွေ ရယူပေးနိုင်ခဲ့တဲ့အတွက် စိန့်ဂျော့ခရော့စ်ဆုကို ပေးအပ်တာဖြစ်တယ်လို့ အခမ်းအနားမှူးက ပြောခဲ့ပါတယ်။ မက်ဆီဖောင်းဒေးရှင်းဟာ ကာတာလန်ဒေသအတွင်းမှာရှိတဲ့ ဆေးရုံအချို့မှာ လိုအပ်တဲ့ကူညီမှုတွေ ပြုလုပ်ပေးခဲ့သလို ဘာစီလိုနာမှာ ကလေးသူငယ် ကင်ဆာရောဂါကုသရေးစင်တာကိုလည်း တည်ဆောက်ပေးနိုင်ခဲ့ပါတယ်။ စိန့်ဂျော့ခရော့စ်ဆုကို (၁၉၈၁)ခုနှစ်ကတည်းက ပေးအပ်လာခဲ့တာဖြစ်ပြီး ကာတာလန်ဒေသအတွက် ထူးချွန်စွာ စွမ်းဆောင် ပေးနိုင်ခဲ့သူတွေကို ရွေးချယ်ပြီးပေးအပ်တဲ့ ဆုတစ်ခုလည်းဖြစ်တယ်လို့ သိရပါတယ်။  

-Ref:Skysport