ကလေးမြို့ပြည်ခိုင်ဖြိုးပါတီမှ အောင်သစ္စာရပ်ကွက် မီးဘေးသင့် အိမ်ထောင်စုများအား အစားအသောက်နှင့် အသုံးအဆောင်ပစ္စည်းများ သွားရောက်လှူဒါန်း

 

ကလေး မေ ၁၅

စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင် ကလေးမြို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ တိုင်းဒေသကြီးပါတီ ကော်မတီဝင် ကလေးခရိုင် တာဝန်ခံ ဦးခင်မောင်သန်း၊ ခရိုင်ပါတီ နာယက ဦးတင်လှိုင်၊ ခရိုင်၊မြို့နယ် ဥက္ကဋ္ဌနှင့် ကော်မတီဝင်များသည် ကလေးမြို့ အောင်သစ္စာရပ်ကွက် နယ်မြေ ၁ဝ နေ ဦးသန်းအောင် မုန့်ဖိုမှ စတင် လောင်ကျွမ်းခဲ့သော မီးကြောင့် အိမ်နီးနားချင်း မိသားစု ၁+၄ စု တို့သည် အိုးမဲ့အိမ်မဲ့ဖြစ်ကာ ရပ်ကွက်အတွင်း ရွှေကျောင်းတော် ဘုန်းတော်ကြီးကျောင်းတွင် နေထိုင်လျက်ရှိပြီး မီးဘေးသင့် အိမ်ထောင်စုများထံ ယမန်နေ့ နံနက် ၁၁ နာရီခွဲတွင် စားသောက်စရာ၊ ဆန်အိတ်နှင့် အခြားအသုံးအဆောင်ပစ္စည်းများ လှူဒါန်းကြပြီး ကျောင်းနေ အရွယ် ကလေးငယ်များအား ကျောင်းဖွင့်ရာသီတွင် လိုအပ်သည်များကို ပံ့ပိုးကူညီမည်ဖြစ်ကြောင်းနှင့် မီးဘေးသင့် ပြည်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကားများ ပြောကြား၍ ရွှေကျောင်းတော် ဆရာတော်အား တွေ့ဆုံ ဖူးမြော်ခဲ့ကြောင်း သိရသည်။

ဂျွိုင်းဆက် (ကလေး)