ပုသိမ်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ နယ်မြေကွင်းဆင်း ရေနွေးကြမ်း စကားဝိုင်း ပြုလုပ်

 

ပုသိမ်ကြီး မေ ၉

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မြို့နယ်ပါတီဘဏ္ဍာရေးမှူး ဦးဝင်းနိုင်၊ မြို့နယ်ပါတီကော်မတီဝင် ဦးကျော်မြိုင်၊ ဦးမြင့်ထွေး (နယ်မြေမှူး) တို့သည် ယမန်နေ့ နံနက်က အုန်းချောကျေးရွာ ပါတီရုံးတွင် ကျေးရွာပါတီခေါင်း ဆောင်ဦးဇော်ငြိမ်းနှင့် ပါတီကော်မတီဝင်များ၊ ပါတီကေဒါများ၊ ရပ်မိရပ်ဖများနှင့် ရေနွေးကြမ်းစကားဝိုင်း ပြုလုပ်ပြီး လက်ရှိဖြစ်ပေါ်နေ သောနိုင်ငံရေး၊စီးပွားရေး၊ လူမှုရေး အခြေအနေများကို ပွင့်ပွင့်လင်း လင်းဆွေးနွေး ခဲ့ကြသည်။

ဆက်လက်ပြီး ယနေ့ မွန်းလွဲပိုင်းက ဦးဝင်းနိုင်နှင့် အဖွဲ့သည် ရွှေစာရံကျေးရွာ ပါတီခေါင်းဆောင် ဦးသိန်းနိုင်နှင့် ပါတီကော်မတီဝင် များအားတွေ့ဆုံပြီး ပါတီအောင်နိုင်ရေး ကိစ္စများ ဆွေးနွေးခဲ့ကြောင်း သိရသည်။

ရိုးဆန်း