ပါတီဆိုင်းဘုတ်တင် ရေနွေးကြမ်းစကားဝိုင်း ကျင်းပ

 

ဆားလင်းကြီး မေ ၉

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ် ကျားတက်ကျေးရွာ ဦးအောင်ကြည် နေအိမ်၌ ယမန်နေ့ နံနက် ၉ နာရီတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဆိုင်းဘုတ်တင်ပွဲနှင့် ရေနွေးကြမ်း စကားဝိုင်း ကျင်းပခဲ့သည်။

ပါတီဆိုင်းဘုတ်တင်ပွဲ အခမ်းအနားသို့ ယင်းမာပင်ခရိုင်ပါတီ အတွင်းရေးမှူး ဦးမြင့်စိုး၊ ခရိုင်ပါတီ ကော်မတီဝင် ဦးညွန့်၊ ဆားလင်းကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဒေါ်ကြူကြူစိန်နှင့် မြို့နယ်ပါတီ အတွင်းရေးမှူး ဦးအောင်သန်း၊ မြို့နယ်ကော်မတီဝင်များနှင့် ရပ်ကျေးပါတီဝင်များ အင်အား ၃ဝ တက်ရောက် ခဲ့ကြသည်။