ငပုတောမြို့နယ် ရေကျော်ကျေးရွာတွင် ပါတီဝင်အဆိုပြုလွှာ စုပေါင်းပေးအပ်ပွဲသို့ ပါတီဗဟိုအတွင်းရေးမှူး တက်ရောက်

 

မေ ၈၊ ငပုတော

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းသည် ၇-၅-၂၀၁၉ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ရေကျော်ကျေးရွာတွင် ပါတီဝင်များ တွေ့ဆုံပွဲနှင့် အဆိုပြုလွှာ စုပေါင်းပေးအပ်ပွဲ အခမ်းအနားအား တက်ရောက် ခဲ့ပါသည်။

အဆိုပါ အခမ်းအနားသို့ ပါတီဗဟိုအတွင်းရေးမှူးနှင့်အတူ တိုင်းပါတီကော်မတီဝင်များ၊ ခရိုင်ပါတီကော်မတီဝင်များ၊ မြို့နယ်ပါတီ ကော်မတီဝင်များ၊ ပါတီသို့ အသစ်ဝင်ရောက်လာသည့် ပါတီဝင်ပြည်သူများ တက်ရောက် ခဲ့ကြပါသည်။