ဆင်ပေါင်ဝဲမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အိမ်တွင်းလက်မှု သင်တန်းဖွင့်
ဆင်ပေါင်ဝဲ မေ ၆
မကွေးတိုင်းဒေသကြီး သရက်ခရိုင် ဆင်ပေါင်ဝဲမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမျိုးသမီး ရေးရာကော်မတီ၏ ကြီးကြပ်မှုဖြင့် ပါတီဝင်အမျိုး သမီးများပိုမို ထိတွေ့ဆက်ဆံရေး ကောင်းမွန်လာစေရန် တစ်နိုင်တစ်ပိုင် အိမ်တွင်းမှု လုပ်ငန်းများလုပ် ကိုင်တတ်စေရန် ရည်ရွယ်၍ အသက်မွေး အထောက်အကူပြု အိမ်တွင်းလက်မှု သင်တန်း အမှတ်စဉ် ၁/ ၂ဝ၁၉ ကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်ပါတီရုံး ခန်းမ၌ ကျင်းပခဲ့ သည်။
သင်တန်းတွင် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးတင့်ဆွေက သင်တန်းဖွင့် လှစ်ပေးရခြင်းရ ည်ရွယ်ချက်နှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။ ထို့နောက် မြို့နယ်အမျိုးသမီး ရေးရာတာဝန်ခံ ဒေါ်စန္ဒာမြင့်က အမျိုးသမီးရေးရာ လှုပ်ရှားမှုများတွင် တက်ကြွစွာ ပါဝင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ သင် တန်းနည်းပြ ဒေါ်သူဇာဝင်းက ယမန်နေ့ သင်တန်းတွင် သင်ကြားပေးမည့် ဆပ်ပြာဆီလုပ်နည်း၊ သဘာဝခေါင်း လျှော်ရည်ပြုလုပ်နည်းနှင့် ပလတ်စတစ် လက်ဆွဲခြင်း ရက်နည်းများကို သင်ကြားပေးမည် ဖြစ်ကြောင်း ရှင်းလင်းပြောကြား ခဲ့သည်။ အဆိုပါ သင်တန်းဖွင့်ပွဲသို့ မြို့နယ်ပါတီဥက္ကဋ္ဌနှင့် ပါတီကော်မတီဝင်များ၊ ပါတီမိတ်ဆွေများ၊ အမျိုးသမီးပါတီဝင်များ စုစုပေါင်း ၅ဝ တက်ရောက်ကြပြီး သင်တန်းကာလမှာ နှစ်ရက်ကြာမြင့်မည် ဖြစ်ကြောင်း သိရသည်။ ရွှေပြည့်စုံ(ဆင်ပေါင်ဝဲ)