ဗုဒ္ဓရင်သွေးယဉ်ကျေးလိမ္မာ ဓမ္မစကူးလ် မွမ်းမံသင်တန်းအောင်ပွဲ ဆုပေးပွဲနှင့် နိဗ္ဗာန်ဈေးပွဲတော်သို့ မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ အလှူငွေများ လှူဒါန်း

 

မိတ္ထီလာ မေ ၅

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် အိုင်ကြီးလည်ကျေးရွာ၊ ညောင်ပင်သာကျေးရွာ၊ ရွာသစ်ကျေးရွာတို့ ကိုးကွယ်သော ဓမ္မရက္ခိတကျောင်းတိုက် ဦးစီးပဓာန နာယက သက်တော်ရှည်ဆရာတော်ကြီး ဘဒ္ဒန္တသောဘဏ တပည့်သံဃာတော်များ၊ သင်ကြားစီမံ သီလရှင်ဆရာလေးများနှင့် ဒေါ်လှလှဦး (သစ္စာပန်းခိုင်ယဉ်ကျေးလိမ္မာ) တို့က ဦးစီးဖွင့်လှစ်သော ဗုဒ္ဓရင်သွေးယဉ်ကျေးလိမ္မာ ဓမ္မာစကူးလ်၏ စတုတ္ထအကြိမ် မွမ်းမံသင်တန်း အောင်ပွဲနှင့် ဆုပေးပွဲ နိဗ္ဗာန်ဈေးပွဲ တော်ကို ယမန်နေ့ နံနက် ၇ နာရီမှ ၁၁ နာရီထိ ကျင်းပခဲ့သည်။

အဆိုပါ ဆုပေးပွဲနှင့် နိဗ္ဗာန်ဈေးပွဲတော်သို့ မိတ္ထီလာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်ပါတီ ဥက္ကဋ္ဌ ဦးမျိုးလွင်၊ အတွင်းရေးမှူး ဦးချစ်ထွေးနှင့် မြို့နယ်ပါတီကော်မတီဝင်များ သွားရောက်၍ အားပေးချီးမြှင့်ပြီး အလှူငွေများ ထည့်ဝင်လှူဒါန်းကြောင်း သိရသည်။   စိုးလှိုင်(ထီလာ)