၄၅ နှစ် ကြာပြီးနောက် ထိုင်းနဲ့ ကမ္ဘောဒီးယား ရထားလမ်း ပြန်လည်ချိတ်ဆက်

အရှေ့တောင်အာရှ အိမ်နီးချင်းနှစ်နိုင်ငံကြား ခရီးသွားလာတဲ့ အချိန် လျှော့ချရန်နဲ့ ကုန်သွယ်ရေး မြှင့်တင်ဖို့အတွက် ကမ္ဘောဒီးယားနိုင်ငံနဲ့ ထိုင်းနိုင်ငံတို့ဟာ ရထားလမ်း ပြန်လည်ချိတ်ဆက်မှုကို ဧပြီ ၂၂ ရက်က တရားဝင်ဖွင့်လှစ်လိုက်ပါတယ်။ ထိုင်းနယ်စပ်စခန်းမှာ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆင် နဲ့ ထိုင်းဝန်ကြီးချုပ် ချိန်အိုချာတို့ရဲ့ ရှေ့မှောက်မှာ ရထားလမ်း ဖွင့်လှစ်မှု လက်မှတ်ရေးထိုးအခမ်းအနားကို ကျင်းပခဲ့တာပါ။ ဒီလို လက်မှတ်ရေးထိုးအပြီးမှာ ခေါင်းဆောင်နှစ်ဦးဟာ ထိုင်းနိုင်ငံက လှူဒါန်းထားတဲ့ ရထားတစ်စင်းနဲ့ ကမ္ဘောဒီးယား က ပီပက်မြို့ဆီ စီးနင်းထွက်ခွာသွားရတာ ဖြစ်ပါတယ်။

ဒီ ခရီးစဉ်ဟာ သမိုင်းဝင်ပဲ ဖြစ်တယ်လို့ ဟွန်ဆန်က ပြောရင်း နှစ်နိုင်ငံကြား ပြန်လည်ချိတ်ဆက်မှုကို ကြိုးပမ်းအားထုတ်မှုအတွက် ထိုင်းနိုင်ငံကို ကျေးဇူးတင်ကြောင်းလည်း ဖြည့်စွက်ဆိုပါတယ်။

ထိုင်းနဲ့ ကမ္ဘောဒီးယား နှစ်နိုင်ငံ အပြန်အလည်ကုန်သွယ်ရေးဟာ အမေရိကန်ဒေါ်လာ ခြောက်ဘီလီယံ ရှိပါတယ်။

ပြင်သစ်ကိုလိုနီခေတ်က အများစု ဖော်လုပ်တည်ဆောက်ခဲ့တဲ့ ကမ္ဘောဒီးယားက ရထားလမ်းတွေဟာ စစ်အေးကာလအတွင်းက နိုင်ငံတွင်းဖြစ်ပွားတဲ့ ပဋိပက္ခတွေမှာ ပျက်စီးခဲ့ရတာပါ။

ပီပက်မြို့အနီးက မိုင် ၃၀ ရှည် ရထားလမ်းပိုင်းဟာ ၁၉၇၃ ခုနှစ်အတွင်း ပျက်စီးခဲ့ရတာဖြစ်ပြီး ပြီးခဲ့တဲ့နှစ်ကမှ မြို့တော် ဖနွမ်းပင်ကနေ ထိုင်းနယ်စပ်အထိ ချိတ်ဆက်တဲ့ အရှည် မိုင် ၂၃၀ ရထားလမ်းကို ပြန်လည် ဖွင့်လှစ်နိုင်ခဲ့တာဖြစ်ပါတယ်။

source: mizzima