ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈) ရှင်းလင်းပွဲ အခမ်းအနား

 

ယနေ့ (၁၉-၄-၂၀၁၈)ရက်နေ့ နံနက်(၁၀း၀၀)နာရီအချိန် ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေးခန်းမတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈) ရှင်းလင်းပွဲ အခမ်း အနား ကျင်းပပြုလုပ်ပါသည်။
ပထမဦးစွာ အခမ်းအနားကို နိုင်ငံတော်အလံအား အလေးပြုပြီး နိုင်ငံတော် သီချင်းဖြင့် သီဆိုဖွင့်လှစ်ပါသည်။ယ
ပြီးနောက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (ဗဟိုအလုပ်အမှုဆောင်) ကယားပြည်နယ်ပါတီ ဥက္ကဌ ဦးပိုးရယ်အောင်သိန်းမှ အဖွင့် အမှာစကား ပြောကြားပါသည်။
ဆက်လက်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးမှ ဖွဲ့စည်းပုံအခြေခံ ဥပဒေ(၂၀၀၈)အကြောင်း သိကောင်းစရာများနှင့် ပါတီအောင်နိုင်ရေးဆွဲရာကိစ္စများအား အသေးစိတ်ရှင်းလင်း ပြောကြားသွားပါသည်။
ယင်းနောက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ထုတ်ဝေသော ပြည်ထောင် စုနေ့စဉ်သတင်းစာနှင့် ဂျာနယ်များအား လစဉ်အရစ်ကျပေးသွင်းနိုင်သော (ကြွေးကျန် မရှိသော) ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီအား ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးမှ ဂုဏ်ပြုဆုပေးအပ်ချီးမြှင့်ပြီး ပြည်နယ်အတွင်းရေးမှူး ဦးကျော်မြင့်မှ လက်ခံ ရယူပါသည်။
ဆက်လက်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးက ပါတီဌာနချုပ်မှ ထုတ်ဝေသော ပြက္ခဒိန်နှင့် အိတ်ဆောင်ပြက္ခဒိန် များအား လွိုင်ကော်ခရိုင် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးကွယ်ရယ်ဖိုးနှင့် ဘောလခဲခရိုင် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ (ဘောလခဲမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ) ဦးအေးမောင်ထံသို့အသီးသီးပေးအပ်သွားပါသည်။
ယင်းနောက် ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီ အဆင့်ဆင့်မှ တာဝန်ရှိသူများက သိရှိလိုသည်များကို မေးမြန်းကြပြီး ဗဟိုအတွင်းရေးမှူးက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။
ယနေ့ကျင်းပပြုလုပ်သော အခမ်းအနားတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေး၊ ပြည်ခိုင်ဖြိုးပါတီ(ဗဟိုအလုပ်အမှုဆောင်) ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးပိုးရယ်အောင်သိန်း၊ ဗဟိုကော်မတီဝင်များ၊ ပြည်နယ်ပါတီနာယကများ၊ ပြည်နယ်ပါတီအတွင်းရေးမှူး ဦးကျော်မြင့်နှင့် ပြည်နယ် ကော်မတီဝင်များ၊ လွိုင်ကော်ခရိုင်၊ ဘောလခဲခရိုင်၊ လွိုင်ကော်မြို့နယ်၊ ဒီးမော့ဆို မြို့နယ်၊ ရှားတောမြို့နယ်၊ ဖရူဆိုမြို့နယ်၊ ဘောလခဲမြို့နယ်၊ ဖါးဆောင်းမြို့ နယ်နှင့် မယ်စဲ့မြို့နယ်မှ ပါတီဥက္ကဌ၊ အတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊ လွိုင်ကော်မြို့နယ် ရပ်/ကျေးပါတီဥက္ကဌများ စုစုပေါင်းအင်အား(၁၂၀)ကျော်တက်ရောက်ပြီး အခမ်းအနား ကို နေ့လည်(၁၂း၀၀)နာရီအချိန်တွင် အောင်မြင်စွာ ပြီးစီးကြောင်း သတင်းရရှိသည်။