ကိုရီးယားကျွန်းဆွယ် နျူကင်းစင်ရေး ရုရှားလုပ်ဆောင်မည်ဆို

ရုရှားအစိုးရသည် ကိုရီးယားကျွန်းဆွယ်တွင် အမြန်ဆုံး နျူကလီးယားကင်းစင်ရေးအတွက် လုပ်ဆောင်နိုင်သမျှ အားလုံးလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရုရှားသမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စကော့ဗ်က ပြောသည်။

ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်တို့သည် ၎င်းတို့၏ ပထမဆုံးအကြိမ် ထိပ်သီးဆွေးနွေးပွဲကို လာမည့်သီတင်းပတ်တွင် ကျင်းပဖွယ်ရှိနေသည်။

နှစ်နိုင်ငံဆက်ဆံရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကိုရီးယားကျွန်းဆွယ် နျူကလီးယားကင်းစင်ရေးအပါအ၀င် အခြားကိစ္စရပ်များကို ခေါင်းဆောင်နှစ်ဦးက ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးကြမည်ဖြစ်ကြောင်း ၎င်းက ဧပြီ ၁၉ ရက် တွင် ပြောသည်။ ကင်ဂျုံအန် သည် လာမည့်ဧပြီ ၂၄ ရက်တွင် ရုရှားနိုင်ငံ အရှေ့ပိုင်းမြို့ဖြစ်သော ဗလာဒီဗော့ စတော့ သို့ ရထားဖြင့် လာရောက်မည်ဖြစ်ကြောင်း ရုရှားအစိုးရ နိုင်ငံပိုမီးရထားလုပ်ငန်းနှင့် နီးစပ်သည့် သတင်းရင်းမြစ်များတွင် အစောပိုင်းက ပြောဆိုသည်။ ယင်းနေ့တွင် ဗလာဒီဗော့စတော့ မြို့ ကျွန်းပေါ်တွင် ရှိသော တက္ကသိုလ်တစ်ခု၌ ရုရှားသမ္မတပူတင်ကို ကင်ဂျုံအန်က တွေ့ဆုံမည်ဖြစ်ကြောင်း ၎င်းတို့က ပြောဆိုသည်။