ဆေးကျခဲ့လို့ UFC ဘင်တန်ဝိတ်ချန်ပီယံ တီဂျေဒီလာရှောကို ပွဲပယ်ပြစ်ဒဏ် (၂)နှစ်ချမှတ်

UFC ဘင်တန်ဝိတ်ချန်ပီယံ တီဂျေဒီလာရှောဟာ ဆေးကျခဲ့ပြီးနောက်မှာတော့ (၂)နှစ်ပွဲပယ်ပြစ်ဒဏ်ကို လက်ခံလိုက်ပါပြီ။ တီဂျေဒီလာရှောဟာ နောက်ဆုံးထိုးသတ်ခဲ့တဲ့ အွန်နရီဆီဂျူဒို နဲ့ ပွဲမှာ ဆေးစစ်မှု မအောင်မြင်ခဲ့လို့ ပြီးခဲ့တဲ့လကတည်းက ချန်ပီယံခါးပတ် စွန့်လွှတ်ခဲ့ရသူပါ။

တီဂျေဒီလာရှောဟာ ပြီးခဲ့တဲ့ဇန်န၀ါရီလက ၀ိတ်န်းတစ်တန်းဆင်းပြီး ဖလိုင်းဝိတ်ချန်ပီယံ ဆီဂျူဒိုကို စိန်ခေါ်ထိုးသတ်ခဲ့ပါတယ်။ ဒါပေမဲ့ နယူးယော့ခ်မြို့က ဘာကလေစင်တာမှာ ထိုးသတ်ခဲ့တဲ့ အဲဒီပွဲစဉ်ဟာ (၃၂)စက္ကန့်အကြာမှာ ကြာမြင့်ခဲ့ပြီး တီဂျေဒီလာရှောက ဒိုင်ပွဲရပ်နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ အသက်(၃၃)နှစ်အရွယ်ရှိတဲ့ တီဂျေဒီလာရှောက တားမြစ်ဆေး (recombinan  human  erythropoiethin – rHuEPO)သုံးစွဲကြောင်း စစ်ဆေးတွေ့ရှိခဲ့တာကြောင့် ပွဲရပ်ခဲ့တာပါ။ တီဂျေဒီလာရှောကို ဆီးနမူနာ ယူခဲ့တဲ့ ၂၀၁၉ ခုနှစ်၊ ဇန်န၀ါရီလ (၁၈)ရက်နေ့ကစပြီး (၂)နှစ် ဆိုင်းငံ့ပြစ်ဒဏ် စတင်အကျုံးဝင်မှာဖြစ်ပါတယ်။

-Ref:Skysports