ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ဖြူးမြို့နယ် အုတ်ဖြတ်ရပ်ကွက် ပါတီဆိုင်းဘုတ်တင်ခြင်း အခမ်းအနား ကျင်းပပြုလုပ်

 

ဧပြီလ ၃

ဖြူးမြို့နယ် အုတ်ဖြတ်ရပ်ကွက်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဆိုင်းဘုတ်တင်ခြင်းအခမ်းအနားကို ၃.၄ .၂၀၁၉ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

၎င်းပါတီဆိုင်းဘုတ်တင်ဖွင့်ပွဲ အခမ်းအနားသို့ ဖြူးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးခင်မောင်စိုး မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး အခမ်းအနားသို့ မြို့နယ်ကော်မတီဝင်များ ဖိတ်ကြားထားသော ဧည့်သည်တော်များ ပါတီဝင်များ ရပ်မိရပ်ဖများ တက်ရောက် ခဲ့ကြကြောင်းသိရသည်။

အောင် ညီညီ စိုး