အိန္ဒိယနှင့် ပါကစ္စတန်နို်င်ငံက အကောင့်နှင့် စာမျက်နှာ(၁)ထောင်ကျော် Facebook ဖယ်ရှား

အိန္ဒိယနဲ့ ပါကစ္စတန်နိုင်ငံတို့က မူမမှန်တဲ့ facebook အကောင့်(၇၁၂)ခုနဲ့ page (၃၉၀)ကို facebook ကုမ္ပဏီက အခုလ(၁)ရက်နေ့က ဖယ်ရှားလိုက်ပါတယ်။ အိန္ဒိယနိုင်ငံက အဖျက်ခံရတဲ့ အကောင့်တွေနဲ့ page အများစုဟာ အိန္ဒိယအတိုက်အခံကွန်ဂရက် ပါတီနဲ့ဆက်နွှယ်နေတဲ့အကောင့်နဲ့ page တွေဖြစ်ပြီး အိန္ဒိယနိုင်ငံမှာ ရွေးကောက်ပွဲ မတိုင်ခင် အဖျက်ခံရတာလည်း ဖြစ်ပါတယ်။ Facebook ကုမ္ပဏီက နောက်ထပ်ဖျက်သိမ်းပစ် လိုက်တာကတော့ ပါကစ္စတန်စစ်တပ်နဲ့ ဆက်နွယ်နေတဲ့ အကောင့်တွေဖြစ်တယ်လို့ သိရပါတယ်။ Facebook ကုမ္ပဏီက ပါကစ္စတန်စစ်တပ်နဲ့ ဆက်နွှယ်နေတဲ့ မူမမှန်တဲ့ အကောင့်တု(၅၇)ခု၊ page (၂၄)ခု၊ အဖွဲ့(၇)ဖွဲ့နဲ့ အင်စတာဂရမ် အကောင့်(၁၅)ခုတို့ကိုလည်း ဖျက်သိမ်းခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။ -Ref:Onenews