ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဆရာတော်ကြီးများအား လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်း၍ ဖူးမြော်

 

ကံမ ဧပြီ ၁

မကွေးတိုင်းဒေသကြီး ကံမမြို့နယ်သာသနာ့ဗိမာန်ဝင်းအတွင်း ယမန်နေ့နံနက်ပိုင်းက အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာမှပင့်ဆောင်လာသော မဟာဗောဓိ ညောင်ပင်လှူဒါန်းစိုက်ပျိုးခြင်း မင်္ဂလာအခမ်းအနားကိုကျင်းပခဲ့ရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေး တက်ရောက်စိုက်ပျိုးပြီး ကုသိုလ်ယူ လှူဒါန်းရေစက်ချခဲ့ကြောင်း သိရသည်။ဆက်လက်ပြီး ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးသည် ကံမမြို့ ယွမ်းကျောင်းပရိယတ္တိစာသင်တိုက်ကျောင်းတိုက်တွင် ပြုလုပ်သော သိက္ခာထပ်ရှင်ပြုမင်္ဂလာပွဲသို့ တက်ရောက်ခဲ့ကာ နိုင်ငံတော်သံဃမဟာ နာယက ဒုတိယဥက္ကဋ္ဌ ဆရာတော်အမှူးပြုသော သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း ပူဇော်ကန်တော့ခဲ့ကြောင်း သိရ သည်။

မွန်းလွဲပိုင်းတွင် ကံမမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး၌ ကံမမြို့နယ် အားကစားဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ စားပွဲတင်တင်းနစ်နှင့်ပတ်သက်သည့် အားကစားပစ္စည်း များ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။