အောင်လအန်ဆန်၏ ကန်ချက်ကြောင့် ဂျပန်ကစားသမား နံရိုးကျိုး၊ ခွဲစိတ်ကုသမှု ခံယူ

One Championship ပြိုင်ပွဲမှာ အောင်လအန်ဆန်ကို ရှုံးနိမ့်ခဲ့တဲ့ ဂျပန်ကစားသမား ကန်ဟာစီဂါဝါဟာ ပွဲစဉ်အတွင်း အောင်လရဲ့ ညာခြေကန်ချက်ကြောင့် နံရိုးနှစ်ချောင်း  ကျိုးသွားခဲ့ပြီး အဆုတ်ထဲ သွေးယိုစိမ့်မှု ဖြစ်ခဲ့တာကြောင့် ဆေးရုံတက် ခွဲစိတ်ကုသမှု ခံခဲ့ရပါတယ်။ ခွဲစိတ်မှု အောင်မြင်ခဲ့ပြီး ဟာစီဂါဝါရဲ့ အဆုတ်ထဲကနေ သွေးနှစ်ပုလင်းလောက် ပြန်ထုတ်ခဲ့ရတယ်လို့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။ အခု ဒုတိယအကြိမ် စိန်ခေါ်ပွဲမှာတော့ ဟာစီဂါဝါဟာ လက်ရည်အရ ဘယ်လိုမှ မယှဉ်နိုင်ဘဲ အောင်လရဲ့ အလဲထိုးခြင်းကို ခံခဲ့ရပါတယ်။ ဒီပွဲရလဒ်ကြောင့် အောင်လဟာ ချန်ပီယံဘွဲ့ကို ဆက်ထိန်းထားနိုင်ပြီး လာမယ့် အောက်တိုဘာလထဲမှာ ဟဲဗီးဝိတ်ချန်ပီယံ ဘရန်ဒန်ဖီယာနဲ့ ထပ်မံထိုးသတ်သွားမှာ ဖြစ်ပါတယ်။