မိုင်းချောင်းကျေးရွာတွင် ပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ်စိုက်ထူခြင်းပြုလုပ်

 

ဧပြီလ ၁

စစ်ကိုင်းတိုင်းဒေသကြီး မော် လိုက်ခရိုင် ဖေါင်းပြင်မြို့နယ် မိုင်း ချောင်းအုပ်စု မိုင်းချောင်းကျေးရွာ ပြည်ခိုင်ဖြိုးပါတီဝင် ဦးသန်းအောင် နေအိမ်ရှေ့၌ ယမန်နေ့ နံနက် ၉ နာရီ ခွဲတွင် မော်လိုက်ခရိုင် ပါတီကော် မတီဝင် ဦးတင်မင်းထွဋ်၊ ဖောင်း ပြင်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးနေဝင်း၊ အတွင်းရေးမှူး ဦးဇော်ဝင်း၊ မြို့နယ်ပါတီကော် မတီများဖြစ်ကြသည့် ဦးမောင်ရွှေ၊ ဦးဆန်းဝင်း၊ ဦးကံရှိန်၊ ဦးကျော် လင်းစိုးတို့နှင့်အတူမိုင်းချောင်းအုပ်စု မှပါတီဝင်အင်အားစုများဖြင့် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဆိုင်းဘုတ်ကိုစိုက်ထူခဲ့ကြသည်။

ပြည်ခိုင်ဖြိုးပါတီဆိုင်း ဘုတ် ကို မြို့နယ်ပါတီကော်မတီ မီဒီယာ တာဝန်ခံ ဦးဆန်းဝင်းက သပြေ၊ မြေစာ၊ရွှေငွေကျောက်သံအမွှေး နံ့သာရည်များဖြင့် ပြုလုပ်ထား သော နံ့သာရည်တို့ဖြင့် အန္တရာယ် ကင်း ပရိတ်နှင့်ကံပွင့် လာဘ်ပွင့် ဂါထာတို့ကို ရွတ်ဖတ်ကာ အောင် ခြင်းမင်္ဂလာအဖြာဖြာပြည့်စုံအောင် အမွှေးနံ့သာရည်တို့ ပက် ဖျန်းပြီး ဦးသန်းအောင်နေအိမ် ပန်းခြံရှေ့ တွင်စုပေါင်းအားဖြင့် စိုက်ထူခဲ့ ကြကြောင်း ဖေါင်းပြင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင် ဦးမျိုးမြင့်အောင်ထံမှ သိရသည်။

အောင်မျိုးထွန်း(ကနီလူငယ်)