ပုသိမ်ကြီးမြို့နယ်ပြည်ခိုင်ဖြိုးပါတီက မီးဘေးသင့်မိသားစုများအား ဆန်နှင့်ဆီများထောက်ပံ့

 

ပုသိမ်ကြီး မတ် ၂၈

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ပုဂံတပ်ကျေးရွာ အောင်ဗိမာန်ကျောင်းတွင် ပုသိမ်ကြီးမြို့နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မီးဘေးသင့်မိသားစုများအား ယမန်နေ့တွင် ထောက်ပံ့လှူဒါန်းမှုပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး ခရိုင်ပါတီဥက္ကဋ္ဌ ဦးဘိုသင်း၊ အတွင်းရေးမှူး ဒေါ်ဝါဝါလှိုင်နှင့်ကော်မတီဝင်များ၊ မြို့နယ်ပါတီဥက္ကဋ္ဌဦးဆွေသန်း၊ အတွင်းရေးမှူးဦးကိုကိုလွင်၊ ဘဏ္ဍာရေးမှူးဦးဝင်းနိုင်၊နယ်မြေမှူးဦးဝင်းညွန့်မော်နှင့်ကော်မတီ ဝင်များ၊ ကျေးရွာပါတီဥက္ကဋ္ဌဦးမျိုးလှိုင်နှင့် အမှုဆောင်များ တက်ရောက်ခဲ့သည်။ရှေးဦးစွာ အောင်ဗိမာန်ကျောင်း ဆရာတော်ထံမှ သြဝါဒခံယူ ခဲ့ကြပြီး ဦးဘိုသင်းနှင့်ဦးဆွေသန်းတို့က ဒေါ်နီပါ မီးဘေးသင့် မိသားစုကိုးစုကို အားပေးစကားပြောကြားခဲ့သည်။ ယင်းနောက် မီးဘေးသင့်မိသားစုတစ်စုလျှင် ခရိုင်ပါတီမှ ဆီနှစ်ပိဿာငါးဆယ် ကျပ်သားစီနှင့် မြို့နယ်ပါတီမှ ဆန်တစ်အိတ်စီတို့ကို တာဝန်ရှိသူများ က ထောက်ပံ့ပေးအပ်ခဲ့သည်။
ဖြစ်စဉ်မှာ ယခုလ ၂၃ ရက်က ပုဂံတပ်ကျေးရွာ ဒေါ်နီအိမ်၌ တပ်ဆင်ထားသော ဆိုလာပြားဖြင့် ဘက်ထရီအားသွင်းရာမှ အပူ လွန်ကဲပြီး အနီးထရံသို့ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ခဲ့ကြောင်း သိရ သည်။

ရိုးဆန်း