ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ပြည်ခိုင်ဖြိုးပါတီ တတိယအကြိမ်ဆန်နှင့်ဆီများ ဈေးနှုန်းချိုသာစွာရောင်းချပေး

 

ရန်ကုန် မတ် ၂၈

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့ သစ်(တောင်ပိုင်း)မြို့နယ် အမှတ် (၁ဝ၅)ရပ်ကွက်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှတာဝန် ရှိသူများသည် အခြေခံစားသောက် ကုန်ဖြစ်သော ဆန်နှင့်ဆီများ ပြည် သူများ ဈေးနှုန်းချိုသာစွာဖြင့်အဆင် ပြေစွာဝယ်ယူနိုင်ရန်တတိယအကြိမ် မြောက် ယမန်နေ့ နံနက်တွင် ရောင်းချ ပေးခဲ့ကြောင်း သိရသည်။

အဆိုပါဆန်နှင့်ဆီများ ဈေးနှုန်း ချိုသာစွာ ရောင်းချရာတွင် ပြည်ခိုင် ဖြိုးပါတီ မြို့နယ်ဥက္ကဋ္ဌဒေါ်စမ်းစမ်း ဌေးနှင့်အတွင်းရေးမှူးဦးထွန်းလွင် တို့ဦးဆောင်၍ မြို့နယ်ကော်မတီ ဝင်များ၊ရပ်ကွက်ပါတီဥက္ကဋ္ဌဦးခင် မောင်ဝင်းနှင့်ပါတီကော်မတီဝင်များ၊ ပါတီဝင်လူငယ်များနှင့်အတူပူးပေါင်း ဆောင်ရွက်ကာ ပြည်သူများထံ သွားရောက်ရောင်းချပေးခဲ့သည်။
ပြည်သူများကလည်း ပြည်ခိုင် ဖြိုးပါတီမှ တာဝန်ရှိသူများထံသို့ ဆန်နှင့်ဆီများ ဈေးနှုန်းချိုသာစွာ ဖြင့် ဆက်လက်ရောင်းချပေးရန် တောင်းဆိုမှုကြောင့် ယနေ့ညနေ ပိုင်းတွင်လည်း အဆိုပါရပ်ကွက်သို့ ထပ်မံရောင်းချပေးခဲ့ကြောင်း သိရ သည်။

ဇော်ရဲထွဋ်(ဒဂုံတောင်)