ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဗဟိုအတွင်းရေးမှူး မင်းကန်ကျေးရွာပါတီဝင်အဆိုပြုလွှာစုပေါင်းပေးအပ်ပွဲသို့တက်ရောက်

 

အောင်လံ မတ် ၂၃

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးတင်အောင်ချစ်သည် အောင်လံ မြို့နယ် မင်းကန်ကျေးရွာရှိ အရှို နှစ်ခြင်းခရစ်ယာန်အသင်းတော် ကျောင်းဝင်းအတွင်း၌ ယနေ့မွန်းလွဲ ၂ နာရီခွဲက ကျင်းပခဲ့သော မကွေး တိုင်းဒေသကြီး အောင်လံမြို့နယ် ငမဲကန်အုပ်စု မင်းကန်ကျေးရွာ ပါတီဝင်အဆိုပြုလွှာ စုပေါင်းပေး အပ်ပွဲအခမ်းအနားသို့ တက်ရောက် ခဲ့ကြောင်း သိရသည်။ရှေးဦးစွာ နိုင်ငံတော်အလံအလေးပြု၍ နိုင်ငံတော်သီချင်း သံပြိုင်သီဆိုကာ ဖွင့် လှစ်ခဲ့ပြီး မြို့နယ်ပါတီဥက္ကဋ္ဌ ဦးစန်းလွင် ကအခမ်းအနားကျင်းပရခြင်းနှင့်ပတ်သက် ၍ရှင်းလင်းပြောကြားခဲ့သည်။ယင်းနောက် ပါတီဝင်အသစ်များကိုယ်စား ပါတီဝင် တစ်ဦးက ပါတီဝင်အဆိုပြုလွှာများပေး အပ်ကာ ပါတီဝင်အသစ်များက ပါတီသို့ ဝင်ရောက်ရခြင်းနှင့်ပတ်သက်၍ ပြောကြား ခဲ့သည်။
ထို့နောက် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးတင်အောင်ချစ်က ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားခဲ့ပြီး ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ၅၉(စ)ထိန်းသိမ်းကာ ကွယ်စောင့်ရှောက်ရေးနှင့် ပုဒ်မ ၂၆၁ ပြင် ဆင်မှုအမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ရေးတို့အား ရှင်းလင်းဆွေးနွေးခဲ့ သည်။ ဆက်လက်၍ မကွေးတိုင်းဒေသ ကြီးပါတီဗဟိုကော်မတီဝင်စည်းရုံးရေးရာ တာဝန်ခံ ဦးဟန်မောင်က ဆက်လက် ဆွေးနွေးပြောကြားခဲ့ပြီး အခမ်းအနား အောင်မြင်စွာပြီးစီးခဲ့သည်။
အဆိုပါအခမ်းအနားသို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဗဟိုအတွင်း ရေးမှူး ဦးတင်အောင်ချစ်နှင့်အတူ မကွေး တိုင်းဒေသကြီး ပါတီဗဟိုကော်မတီဝင် စည်းရုံးရေးရာတာဝန်ခံ ဦးဟန်မောင်၊ မကွေးတိုင်းဒေသကြီး ပါတီအတွင်းရေး မှူး ဦးဆန်းညွန့်အောင်၊မြို့နယ်ပါတီဥက္ကဋ္ဌ ဦးစန်းလွင်နှင့် ပါတီဝင်အသစ်များ၊ ပါတီ ဝင်အဟောင်းများ ၅ဝဝ ခန့် တက်ရောက် ခဲ့ကြပြီး စုစုပေါင်း ပါတီဝင်အဆိုပြုလွှာ ၅၂၅ စောင်ပေးအပ်ခဲ့ကြောင်း သိရသည်။