ပြည်ခိုင်ဖြိုးပါတီဗဟိုအတွင်းရေးမှူး ပါတီဝင်အဆိုပြုလွှာစုပေါင်းပေးအပ်ပွဲနှင့်ဖွဲ့စည်းပုံအခြေခံဥပဒေ သိကောင်းစရာများ ရှင်းလင်းပွဲတက်ရောက်

 

အောင်လံ မတ်လ ၂၄

မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပါတီဝင်အဆိုပြုလွှာ စုပေါင်းပေးအပ်ပွဲနှင့် ၂ဝဝ၈ဖွဲ့စည်းပုံအခြေခံဥပဒေအကြောင်း သိကောင်းစရာများ ရှင်းလင်းဆွေးနွေးခြင်အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက အောင်လံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးဝင်းအတွင်း၌ ကျင်းပရာ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဦးတင်အောင်ချစ် တက်ရောက်ခဲ့သည်။အခမ်းအနားကို နိုင်ငံတော်သီချင်း သီဆိုဖွင့်လှစ်ခြင်း၊ အောင်လံမြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးဆန်းလွင်က အဖွင့်အမှာစကား ပြောကြားခြင်း၊ ပါတီဝင်သစ်တစ်ဦးမှ စုပေါင်းပါတီဝင်အဆိုပြုလွှာ ၁ဝ၂၁ စောင် အား မြို့နယ်ပါတီဥက္ကဋ္ဌ ဦးဆန်းလွင်ထံ သို့ပေးအပ်ခြင်း၊ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးတင်အောင်ချစ်က ပါတီဝင်အသစ်များ အား ဂုဏ်ပြုအမှာစကားပြောကြားခြင်း၊ တိုင်းဒေသကြီး ပါတီကော်မတီဝင် ဦးစော ဝင်းမောင်က ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအကြောင်း သိကောင်းစရာများ ရှင်း လင်းဆွေးနွေးခြင်း၊ ပြည်ခိုင်ဖြိုးပါတီ ဗဟို အလုပ်အမှုဆောင် မကွေးတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ဌေးက ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအကြောင်း သိကောင်းစရာများ ရှင်းလင်းဆွေးနွေးခြင်း စသည့်အစီအစဉ်များဖြင့် ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားသို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်း ရေးမှူး ဦးတင်အောင်ချစ်၊ ဗဟိုအလုပ် အမှုဆောင် မကွေးတိုင်းဒေသကြီးပါတီ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ဌေးနှင့် ကော်မတီဝင်များ၊ အောင်လံမြို့နယ် ပါတီ ဥက္ကဋ္ဌ ဦးဆန်းလွင်နှင့်အမှုဆောင်များ၊ ပါတီ ဝင်များနှင့်ပါတီဝင်အသစ်များ စုစု ပေါင်းလူအင်အား ၅ဝဝကျော်တက်ရောက် ခဲ့ကြသည်။

ဖိုးကြံ့ခိုင်(အောင်လံ)