ကယားပြည်နယ်ပြည်ခိုင်ဖြိုးပါတီ ဘုန်းတော်ကြီးကျောင်းသိမ်ဆောက်လုပ်ရန် မြေသယ်မြေဖို့ လုပ်အားဒါနဆောင်ရွက်

 

မယ်စဲ့ မတ် ၂၄

ကယားပြည်နယ် ဘောလခဲခရိုင် မယ်စဲ့မြို့နယ်တွင် ယမန်နေ့ မွန်းလွဲ ၂ နာရီက ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီ လူငယ် ရေးရာလှုပ်ရှားမှု တစ်ရပ်အနေဖြင့် မယ်စဲ့မြို့နယ် ပန်တိန်းကျေးရွာ ရှိ ဘုန်းတော်ကြီးကျောင်း သိမ်ဆောက်လုပ်ရာတွင် မြေသယ်မြေ ဖို့ ပျဉ်သယ်ခြင်းနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးအတွက် လုပ်အား ဒါန ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ မြေသယ်ဖို့လုပ်အားပေးရာ သို့ ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ဦးအောင်နိုင်ဦး (ပြည်နယ်လူငယ်ရေးရာ တာဝန်ခံ)၊ မယ်စဲ့မြို့နယ် ဒေါ်နန်းစောရင် (ပြည်နယ်လူငယ်ရေးရာလှုပ်ရှားမှုတာဝန်ခံ) နှင့် လွိုင်ကော်မြို့နယ် ဦးအောင်ကျော်မြင့် (ပြည်နယ်လူငယ်ရေးရာလှုပ်ရှားမှု ဒုတိယ တာဝန်ခံ)၊ ဘောလခဲခရိုင် အတွင်းရေးမှူး ဦးချစ်ဦးမောင်၊ ဘောလခဲမြို့နယ် အတွင်း ရေးမှူး ဦးဟန်ထူး၊ ဖားဆောင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင်မောင်ညို၊ မယ်စဲ့မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးလောရင်းနှင့် မြို့နယ်ကော်မတီဝင်များ၊ မြို့နယ် ခုနစ်မြို့နယ်မှ ပါတီလူငယ်ခေါင်း ဆောင်နှင့် အဖွဲ့ဝင် ၅ဝ တို့မှ ညနေ ၅ နာရီအထိ လုပ်အားဒါန ဆောင်ရွက်ခဲ့ကြ ပြီး ယခုလ ၂၅ ရက်တွင်လည်း ပန်တိန်း ကျေးရွာ ကက်သလစ်ဘုရားကျောင်းလမ်း အား လမ်းခင်းမြေဖို့ခြင်းလုပ်ငန်းအား ပန်တိန်းကျေးရွာ ကက်သလစ်ဘာသာဝင် လူငယ်များနှင့် ထပ်မံဆောင်ရွက်မည်ဖြစ် ကြောင်း သိရသည်။

မမောင်(ချိကယ်သူ)