ဥရောပ ဘောလုံးအဖွဲ့ချုပ်ရဲ့ ဒဏ်ငွေပြစ်ဒဏ် နဲ့ ရင်ဆိုင်ခဲ့ရတဲ့ ရိုနယ်ဒို

ဂျူဗင်တပ်အသင်း တိုက်စစ်မှူး ရိုနယ်ဒိုကို မလျော်ကန်တဲ့ ပုံစံနဲ့ အောင်ပွဲခံခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ စစ်ဆေးနေခဲ့တဲ့ ဥရောပဘောလုံးအဖွဲ့ချုပ်ကနေ သူ့ရဲ့အောင်ပွဲခံမှုပုံစံနဲ့ ပတ်သက်ပြီး ဒဏ်ငွေ ယူရို (၂) သောင်းပေးချေဖို့အတွက် ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။

မတ်လ (၁၂) ရက်နေ့က အက်သလက်တီကို မက်ဒရစ်အသင်းနဲ့ ဂျူဗင်တပ်အသင်း တို့ ကစားခဲ့တဲ့ ပွဲစဉ်မှာ အသင်းအတွက် ရိုနယ်ဒို ဟတ်ထရစ်သွင်းယူပေးနိုင်ခဲ့သလို အသင်းကိုလည်း နောက်တစ်ဆင့် တက်ရောက် စေခဲ့ပါတယ်။ တတိယသွင်းဂိုးသွင်းယူပြီးချိန်မှာတော့ အက်သလက်တီကို မက်ဒရစ်အသင်း ပရိသတ်တွေရှိရာ ပွဲကြည့်စင်ဘက်ကိုလှည့်ပြီး အက်သလက်တီကို နည်းပြ ဆီမြွန်နီအောင်ပွဲခံနေကျပုံစံအတိုင်း အောင်ပွဲခံခဲ့ပါတယ်။

ရိုနယ်ဒိုအနေနဲ့ ဆီမြွန်နီကို ပြန်လည်လှောင်ပြောင်ချင်ခဲ့တာဖြစ်ပေမယ့် ပွဲပြီးဆုံးချိန်မှာ အက်သလက်တီကို မက်ဒရစ်အသင်းပရိသတ်တွေက ဒီအောင်ပွဲခံမှုဟာ ရိုင်းပြတဲ့ အမူအရာဖြစ်တယ်ဆိုပြီး ဥရောပဘောလုံးအဖွဲ့ချုပ်ကို တိုင်ကြားခဲ့ပါတယ်။ ရိုနယ်ဒိုလို အသင်းရဲ့ အဓိက ကစားသမားတစ်ဦး ဒီလိုပြုလုပ်ခဲ့တာကြောင့် ပွဲပယ်ပြစ်ဒဏ် ချမှတ်သင့်တယ်လို့ ပြောဆိုတဲ့သူတွေလည်း ရှိနေခဲ့ပေမယ် ဥရောပ ဘောလုံးအဖွဲ့ချုပ်ကတော့ ပွဲပယ်ပြစ်ဒဏ် ချမှတ်ခဲ့ခြင်းမရှိပဲ ဆီမြွန်နီ အောင်ပွဲခံစဉ်က ချမှတ်ခဲ့တဲ့ ပြစ်ဒဏ်နဲ့ တူညီတဲ့ ပြစ်ဒဏ်ကိုသာ ချမှတ်ခဲ့တာဖြစ်ပါတယ်။

-Ref:Skysports