မအူပင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လမ်းဘေးဝဲယာသန့်ရှင်းရေးဆောင်ရွက်

 

မအူပင် မတ် ၂၁

ဧရာဝတီတိုင်းဒေသကြီး မအူ ပင်ခရိုင် မအူပင်မြို့နယ် အမှတ် (၈)ရပ်ကွက် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးရဲ ကျော် ဦးဆောင်သော ပါတီဝင်လူ ငယ်အင်အား ၂ဝ ကျော်သည် ယမန်နေ့ နံနက် ၇နာရီခွဲမှ စတင်၍ သန့်ရှင်းရေးလုပ်ငန်းများ ဆောင် ရွက်ခဲ့ကြောင်း သိရသည်။

ဆောင်ရွက်ရာတွင် အမှတ်(၈) ရပ်ကွက်ရှိ မြနန္ဒာလမ်းနှင့် မအူပင် ဘိုးဘွားရိပ်သာ ဘေးလမ်းတို့၏ လမ်းဘေးဝဲယာတွင်ရှိသော မြက် ပင်၊ ပေါင်းပင်များကို ရှင်းလင်း ခြင်း၊ အမှိုက်များကောက်ယူခြင်း စသည်ဖြင့်သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြစ်သည်။
အဆိုပါ ဆောင်ရွက်ရာသို့ မအူပင်မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးစောသောင်းဒန်နှင့် မြိ့နယ် ပါတီကော်မတီဝင်များသွားရောက် အားပေးခဲ့ကြခဲ့သည်။

ဖြိုးမောင်ဇော်(မအူပင်)