ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်များ ဖွဲ့စည်းပုံအခြေခံဥပဒေအကြောင်းသိကောင်းစရာများ ရှင်းလင်း

 

ဝေါ မတ် ၂ဝ

ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင် ဝေါမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး၌ ယမန်နေ့ မွန်းလွဲ ၂ နာရီက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်များက ဖွဲ့စည်းပုံအခြေခံ ဥပဒေအကြောင်းသိကောင်းစရာများ ရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။အဆိုပါအခမ်းအနားတွင်ပါတီ ဗဟိုအလုပ်အမှုဆောင် ပဲခူးတိုင်း ဒေသကြီးအရှေ့ တွဲဖက်တာဝန်ခံ ဦးလှသိန်းက ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး၌ အခန်း (၃)ပါ ပုဒ်မ (၅၉)(စ) မပြင်ဆင် ရေး လိုအပ်ချက်များနှင့် ပုဒ်မ (၂၆၁)တိုင်းဒေသကြီး/ ပြည်နယ် များ ဖွဲ့စည်းပုံအခြေခံပါ အခွင့် အရေးများ ခံစားရရှိစေရန် ပြင်ဆင် ပေးရေးပုဒ်မများကို ရှင်းလင်း ဆွေးနွေးပြီးနောက်ပါတီဗဟိုအလုပ် အမှုဆောင် တိုင်းဒေသကြီးပါတီ ဥက္ကဋ္ဌ ဦးစောမော်ထွန်းက ဖွဲ့စည်း ပုံအခြေခံဥပဒေအကြောင်းသိကောင်း စရာများရှင်းလင်းဆွေးနွေးခဲ့သည်။

ဆွေးနွေးပွဲသို့ တိုင်းဒေသကြီး ပါတီကော်မတီဝင်များ၊ ခရိုင်ပါတီ ဥက္ကဋ္ဌ ဦးအောင်စိုးနှင့် ဝေါမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးမောင်ယု၊ အတွင်းရေးမှူး ဦးသက်တိုးဝင်း နှင့် မြို့နယ်ကော်မတီဝင်များ၊ ရပ်ကွက်ကျေးရွာပါတီဥက္ကဋ္ဌများ နှင့် ကော်မတီဝင်များ စုံညီစွာတက် ရောက်ခဲ့ကြောင်း သိရသည်။

အောင်မြတ်လင်း(ဝေါ