မော်လိုက်မြို့နယ် ကျေးရွာများသို့ နယ်လှည့်ဆေးကုသခြင်းဆောင်ရွက်

 

မော်လိုက် မတ် ၁၈

စစ်ကိုင်းတိုင်းဒေသကြီး မော် လိုက်ခရိုင် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မော်လိုက် ခရိုင်ပါတီဥက္ကဋ္ဌ ဦးမြင့်စိုးဆင့်၊ အတွင်းရေးမှူး ဒေါ်စန္ဒာသိန်း၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမင်းဇော်နှင့် နယ်မြေတာဝန်ခံ ပါတီကော်မတီ ဝင်များသည် တပ်မတော်ဆရာဝန် ဗိုလ်ကြီး ပိုင်လင်းထက်နှင့်အတူ ယမန်နေ့ နံနက်ပိုင်းမှစ၍ မော်လိုက်မြို့ နယ် မှော်ကူးကျေးရွာနှင့် သရက် ပင်လယ်ကျေးရွာများသို့ သွား ရောက်ပြီး နယ်လှည့်ဆေးကုသမှု များဆောင်ရွက်ခဲ့ကြသည်။

အဆိုပါကျေးရွာများရှိ ပြည်သူ များနှင့် ဆေးရုံဆေးခန်းသွား ရောက် ရန်ခက်ခဲသည့် သက်ကြီး ရွယ်အိုများ၊ နာတာရှည်လူနာများ အားလည်း အိမ်တိုင်ရာရောက် သွားရောက်ကုသပေးခဲ့ကြကြောင်း သိရသည်။

စန္ဒာသိန်း(မော်လိုက်)