ညောင်ဦးမြို့နယ် တောင်ဖီ(လယ်ယား)အုပ်စု ဆယ်လံကျေးရွာတွင်ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်ပွဲကျင်းပ

 

ညောင်ဦး မတ် ၁၈

ညောင်ဦးမြို့နယ် အတွင်းရှိ တောင်ဖီ(လယ်ယား)အုပ်စုဆယ်လံ ကျေးရွာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဦးမောင်ဝင်း၏ နေအိမ်၌ ယမန်နေ့ ညနေ ၄ နာရီက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီဆိုင်းဘုတ်တင်ခြင်းအခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားကို ညောင်ဦးခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ ခရိုင်ဥက္ကဋ္ဌ ဦးညွန့်ဝင်းက အမွှေးနံ့သာရည်များ ပက်ဖျန်းပြီး ဆုတောင်းမင်္ဂလာပြုပေးခဲ့သည်။ ယင်းနောက်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးအောင်ဌေးကလည်း အမွှေးနံ့သာရည်ပက်ဖျန်းပြီး အစီအစဉ်အရ ညောင်ဦးမြို့နယ် ကော်မတီဝင် အမျိုးသမီးရေးရာ တာဝန်ခံဒေါ်အေးမြတ်သူကလည်း အမွှေးနံ့သာရည် ပက်ဖျန်းကာ ၂ဝ၂ဝ အောင်ရမည်၊ အောင်ရမည်ဟြုေ<ွကးကြော်၍ ဆိုင်းဘုတ်ကို စိုက်ထူခဲ့ကြသည်။ အဆိုပါ ဆိုင်းဘုတ်စိုက်ထူခြင်း အခမ်းအနားသို့ ညောင်ဦးခရိုင် ပါတီကော်မတီဝင်များ၊ ညောင်ဦးမြို့နယ် ပါတီကော်မတီဝင်များတက်ရောက်ခဲ့ကြပြီး ခရိုင်ဥက္ကဋ္ဌဦးညွန့်ဝင်းနှင့် မြို့နယ်ဥက္ကဋ္ဌဦးအောင်ဌေးတို့က လက်ဖက်ရည်ကြမ်းစကားဝိုင်းဆွေးနွေး ပေးခဲ့ကြောင်း သိရသည်။

ကျော်ဌေး(ညောင်ဦး