ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ ရပ်ကျေးပါတီဥက္ကဋ္ဌများနှင့်တွေ့ဆုံ

 

ကန်ကြီးထောင့် မတ် ၁၇

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းသည် ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့်မြို့နယ် ပါတီရုံးခန်းမ၌ ရပ်ကွက်ကျေးရွာပါတီဥက္ကဋ္ဌများ၊ ကော်မတီဝင်များနှင့်တွေ့ဆုံခဲ့သည်။တွေ့ဆုံပွဲတွင် ပါတီဗဟိုအတွင်းရေး မှူး ဦးသန်းထွန်းနှင့်အတူ ပါတီဗဟိုအလုပ် အမှုဆောင် တိုင်းဒေသကြီးပါတီ ဥက္ကဋ္ဌ ဦးÓဏ်လင်း၊ တိုင်းပါတီအတွင်းရေးမှူး ဦးဝင်းကိုကို၊ တိုင်းကော်မတီဝင် တိုင်း ဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဒေါ်ခင် စောမူ၊ တိုင်းပါတီကော်မတီဝင် ဒေါ်နွယ် နွယ်ဦး၊ ခရိုင်ပါတီကော်မတီဝင် ဒေါ်သက် သက်လွင်၊ ခရိုင်မြို့နယ် တာဝန်ရှိသူများ၊ ကော်မတီဝင်များနှင့် ပါတီဝင်များတက် ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် မြို့နယ်ပါတီဥက္ကဋ္ဌ မှ မြို့နယ်အတွင်း အခြေအနေများ တင် ပြဆွေးနွေးခြင်း၊ နယ်မြေတစ်ခုချင်းစီ၏ အခြေအနေများကို နယ်မြေတာဝန်ခံ ကော်မတီဝင်များမှ တစ်ဦးချင်းစီ မြေပုံ ကားချပ်များဖြင့် ရှင်းလင်းတင်ပြဆွေးနွေး ခြင်း၊ ပါတီအောင်နိုင်ရေးအတွက် လှုပ်ရှား ဆောင်ရွက်မှုများကို အသီးသီးရှင်းလင်း တင်ပြဆွေးနွေးခဲ့ကြပါသည်။

ထို့နောက် ပါတီအောင်နိုင်ရေးအတွက် တိုင်းပါတီကော်မတီဝင် ဒေါ်ခင်စောမူက ယခုလိုပါတီအောင်နိုင်ရေးအတွက် လာ ရောက်အားပေးသော ဗဟိုအတွင်းရေးမှူး အား ကျေးဇူးတင်စကားပြောကြားခြင်း၊ တိုင်းပါတီအတွင်းရေးမှူးက အားပေး စကားများပြောကြားခြင်း၊ တိုင်းပါတီ ဥက္ကဋ္ဌက မြို့နယ်အောင်နိုင်ရေးအတွက် စီမံချက်များကို သုံးသပ်ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့သည်။

ဆက်လက်ပြီး ပါတီဗဟိုအတွင်းရေး မှူး ဦးသန်းထွန်းက လာမည့်ရွေးကောက် ပွဲအောင်နိုင်ရေးအတွက် ကြိုတင်ဆောင် ရွက်သင့်သည့် အချက်အလက်များ၊ နယ်မြေတစ်ခုချင်းစီတွင် တာဝန်ပေးအပ် ထားသည့် နယ်မြေတာဝန်ခံကော်မတီ ဝင်များအနေဖြင့်လည်း ပေးအပ်ထားသည့် တာဝန်ကို သတ်မှတ်ထားသည့်ကာလ အတွင်း ပြီးမြောက်အောင် ဆောင်ရွက်နိုင် သည့် နယ်မြေတာဝန်ခံများ၊ ပါတီဝင်များ ဖြစ်အောင် စဉ်ဆက်မပြတ်ကြိုးပမ်းသင့် ကြောင်းနှင့် ရပ်/ကျေး ပါတီဥက္ကဋ္ဌများကို လည်း အားပေးတိုက်တွန်းပြောကြားခဲ့ သည်။