ဒဂုံတောင်မြို့နယ် လေးထောင့်ကန်ရပ်ကွက်ပြည်ခိုင်ဖြိုးပါတီ ပါတီဝင်တွေ့ဆုံပွဲနှင့် ဆိုင်းဘုတ်အသစ်စိုက်ထူပွဲကျင်းပ

 

ရန်ကုန် မတ် ၁၇

ရန်ကုန်တိုင်း ဒေသကြီး ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် လေးထောင့်ကန် ရပ်ကွက်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီ ပါတီဝင်တွေ့ဆုံပွဲနှင့် ပါတီဆိုင်းဘုတ်အသစ်စိုက်ထူပွဲ အခမ်းအနားကို လေးထောင့်ကန် ရပ်ကွက် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးအေးသောင်းနေအိမ်၌ ယမန်နေ့ မွန်းလွဲ၁နာရီတွင်ကျင်းပခဲ့သည်။

အဆိုပါတွေ့ဆုံပွဲတွင် ပြည်ခိုင် ဖြိုးပါတီ ဗဟိုကော်မတီဝင် ဒေါ် စန်းစန်းဝင်း ဦးဆောင်၍ မြို့နယ် ပါတီဥက္ကဋ္ဌ ဒေါ်စမ်းစမ်းဌေးနှင့် မြို့နယ်ကော်မတီဝင်များ၊ ရပ်ကွက် ပါတီကော်မတီဝင်များတက်ရောက် ခဲ့ကြသည်။ တွေ့ဆုံရာတွင် ဗဟို ကော်မတီဝင်မှ ရပ်ကွက်ပါတီသို့ ဦးစွာကျေးဇူးတင်စကား ပြောကြား ခဲ့သည်။ ထို့အပြင် ပါတီဝင်တွေ့ ဆုံပွဲကျင်းပရခြင်း၏ရည်ရွယ်ချက်၊ လုပ်ငန်းစဉ်များအား ပြောကြား ခဲ့ပြီး ရပ်ကွက်ပါတီဥက္ကဋ္ဌက လည်း ပါတီဝင်များကို ပြန်လည် မိတ်ဆက်ပေးခဲ့ကာ ရပ်ကွက် အတွင်း ပကတိဖြစ်ပေါ်နေသော ဖြစ်စဉ်များကို လွတ်လပ်စွာတင်ပြ ခဲ့သည်။ ထို့နောက် ပါတီဆိုင်း ဘုတ်အသစ်ကို ပါတီဝင်များက စုပေါင်း၍ စိုက်ထူခဲ့သည်။

ဆက်လက်၍ မြို့နယ်ဥက္ကဋ္ဌ နှင့်အဖွဲ့ကလည်း အမှတ်(၁ဝ၅) ရပ်ကွက်ရှိ ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးကာကွယ်စောင့်ရှောက် ရေးအဖွဲ့ကလစဉ်ထောက်ပံ့နေသော အဘိုးအိုတစ်ဦး သေဆုံးမှုကို သွား ရောက်ကြည့်ရှုအားပေးကာ လို အပ်သည်များ ထောက်ပံ့ပေးခဲ့ သည်။ ထို့အပြင် အမှတ်(၁၄ဝ) ရပ်ကွက်တွင် စိန်ရတနာစာသင် တိုက်ယဉ်ကျေးလိမ္မာသင်တန်းဆင်း ပွဲသို့ ပြည်ခိုင်ဖြိုးပါတီ တာဝန် ရှိသူများ သွားရောက်၍ ကလေး ငယ်များကို အချိုရည်များ ဒါနပြု ခဲ့သည့်အပြင် ဆုများလည်း ချီးမြှင့် ပေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ မွန်းလွဲပိုင်းတွင် မြိ့နယ်ပါတီကော်မတီဝင် ဦးမြင့် အောင် ဦးဆောင်သောအဖွဲ့သည် အမှတ်(၂၆)ရပ်ကွက်တွင်ပါတီဝင် စိစစ်ခြင်းကို ရပ်ကွက်ပါတီဥက္ကဋ္ဌ ဦးစိန်သောင်းနှင့် ကော်မတီဝင် များအတူ ပူးပေါင်းကာ လှုပ်ရှား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဇော်ရဲထွဋ်(ဒဂုံတောင်)