နိုင်ငံရေး စီမံခန့် ခွဲမှု့ ဆင့်ပွားသင်တန်း ဖွင့်လှစ်
မတ် ၁၄ သထုံ
သထုံမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဖွင့်လှစ်သော နိုင်ငံရေးစီမံခန့်ခွဲမှု့ ဆင့်ပွားသင်တန်း အမှတ်စဉ် (၁) အား ယနေ့ နံက် ၀၉း၀၀ အချိန်မြို့နယ်ပါတီရုံး ခန်းမ၌ ဖွင့်လှစ်ခဲ့သည်။
ထမဦးစွာ နိုင်ငံတော်အလံအားအလေးပြုပြီး ပြည်နယ်ပါတီအတွင်းရေးမှူးမှ အမှာစကားပြောကြားကာဖွင့်ပွဲအခမ်းအနားကို နံက် ၁၀း၃၀ အချိန်တွင်ပြီးဆုံးခဲ့ပါသည်။အခမ်းအနားသို့ မွန်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးဝင်းမော်ဦး နှင့်ပြည်နယ်ကော်မတီဝင်များ၊သထုံခရိုင်ပါတီ ဥက္ကဌ နှင့်ကော်မတီများ ၊ မြို့နယ်ပါတီ ဥက္ကဌ နှင့်ကော်မတီဝင်များ ၊သင်တန်းသား/သူများ တက်ရောက်ခဲ့ကြပါသည်။
စောမျိုးမင်းဋ္ဌေး