မြောက်ကိုရီးယား လွှတ်တော်ရွေးကောက်ပွဲအတွက် ကင်ဂျုံအန်း မဲပေး

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းဟာ လွှတ်တော်ရွေးကောက်ပွဲအတွက် မတ်လ ၁၀ ရက်နေ့က မြို့တော်ပြုံယမ်းမှာ မဲပေးခဲ့တယ်လို့ အစိုးရမီဒီယာက ထုတ်ပြန်ပါတယ်။

ကင်မ်ချိုက် နည်းပညာတက္ကသိုလ်က မဲရုံကို ကင်ဂျုံအန်း ရောက်လာပြီး သူ့ကို ရာနဲ့ချီတဲ့ ကျောင်းသားတွေ၊ ဒေသခံတွေက ကြိုဆိုပုံ ရုပ်သံကိုလည်း အစိုးရရုပ်သံ ကေအာတီက ထုတ်လွှင့် ပြသပါတယ်။

ကင်ဟာ ဒေသစံတော်ချိန် မနက် ၁၁ နာရီမှာ ရောက်လာပြီး နည်းပညာတက္ကသိုလ် ဥက္ကဋ္ဌ ဟောင်ဆိုးဟွန်အတွက် မဲပေးခဲ့တယ်လို့ ကေအာတီက ပြောပါတယ်။

မြောက်ကိုရီးယား ဗဟိုရွေးကောက်ပွဲ လမ်းညွှန်ကော်မတီရဲ့ အဆိုအရ မဲဆန္ဒရှင်အဖြစ် နာမည်စာရင်း သွင်းထားသူ ၉၂ ဒသမ ၃၅ ရာခိုင်နှုန်းက ညနေ ၃ နာရီထိ မဲပေးခဲ့ကြတယ်လို့ ကေအာတီက ကြေညာခဲ့ပါတယ်။

by DVB