၂၀၂၃ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲကို ပူးတွဲအိမ်ရှင်အဖြစ် လျှောက်ထားဖို့ တောင်နဲ့ မြောက်ကိုရီးယားစီစဉ်

တောင်နဲ့ မြောက်ကိုရီးယားတို့ဟာ ၂၀၂၃ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် သမိုင်းဝင်ပူးတွဲ ကျင်းပခွင့်ရ ဖို့အတွက် ကြိုးပမ်းသွားဖို့စီစဉ်နေပါတယ်။ ကိုရီးယားနှစ်နိုင်ငံဟာ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲကို ကျင်းပဖို့အတွက် တရုတ်နိုင်ငံနဲ့အတူ ဆွေးနွေးနေပါတယ်။ ဖီဖာဥက္ကဋ္ဌအင်ဖန်တီနိုကလည်း ဒီကြိုးပမ်းမှုကို ထောက်ခံခဲ့ပြီး ကျင်းပခွင့်ရဖို့ အလားအလာရှိတယ်လို့ အတည်ပြုခဲ့ပါတယ်။

အင်ဖန်တီနိုက “၂၀၂၃ အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲကို ကိုရီးယားနှစ်နိုင်ငံကျင်းပခွင့်ရဖို့ စီစဉ်နေတယ်လို့ ကျွန်တော် ကြားရပါတယ်။ ဒါက ကြီးကျယ်တဲ့ သတင်းဖြစ်လာမှာပါ”လို့ ပြောခဲ့ပါတယ်။ ဒီလှုပ်ရှားမှုဟာ ဘောလုံးလောကရဲ့ ပါဝါကို ပုံဖော်နိုင်ခဲ့တာ လို့လည်း သူက ယုံကြည်နေပါတယ်။ ကိုရီးယားနှစ်နိုင်ငံအနေနဲ့ သြစတြေးလျ၊ နယူးဇီလန်၊ ဂျပန်၊ တောင်အာဖရိက တို့နဲ့ ယှဉ်ပြိုင်သွားရဖို့ ရှိနေပါတယ်။ ကိုလံဘီယာနဲ့ ထိုင်းတို့ကလည်း နောက်ဆုံးရက် မတ်လ(၁၅)ရက်နေ့အမီ အိမ်ရှင်အဖြ စ်လျှောက်ထားဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။

-Ref:Skysports