ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် စာအောင်သံဃာတော်များအား အောင်လက်မှတ်ဆက်ကပ်ပွဲတွင် အလှူငွေပေးအပ်လှူဒါန်း

 

ပျော်ဘွယ် မတ် ၄ေ

ပျာ်ဘွယ်မြို့နယ်လုံးဆိုင်ရာ အဋ္ဌမ အကြိမ်မြောက် ပရိယတ္တိဓမ္မာနုဂ္ဂဟစာမေး ပွဲ စာအောင်သံဃာတော်များအား အောင် လက်မှတ်ဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့ မွန်းတည့် ၁၂ နာရီတွင် ရှမ်းပွဲရပ်ကွက် ရာပြည့် သာသနာ့ဗိမာန်ကြီး၌ကျင်းပခဲ့ရာ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ပျော်ဘွယ်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်ဦးသောင်းအေးနှင့်ဇနီး ဒေါက်တာ သင်းမျိုးမျိုးအောင်တို့ တက်ရောက်ကြည် ညိုပြီး အောင်လက်မှတ်များ ဆက်ကပ် လှူ ဒါန်းခဲ့သည်။

အောင်လက်မှတ်ဆက်ကပ်လှူဒါန်းပွဲ သို့နိုင်ငံတော်သြဝါဒါစရိယပြည်တော်အေး ကျောင်းဆရာတော် ဘဒ္ဒန္တပညာစာရ၊ မြို့ နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ပန်းစုံ ကျောင်းဆရာတော် ဘဒ္ဒန္တ အာသဖနှင့်ပင့် သံဃာများ၊ စာအောင်သံဃာတော် ၅၂ ပါးြ<ွကရောက်တော်မူပြီး ပျော်ဘွယ်မြို့နယ် အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ် စားလှယ်ဦးတင်စိုး၊ အမှတ်(၂)တိုင်းဒေသ ကြီးလွှတ်တော်ကိုယ်စားလှယ်ဦးမြင့်စိုးနှင့် ဇနီးဒေါ်စန်းလေးညွန့်၊ ဒုမြို့နယ်အုပ်ချုပ် ရေးမှူး ဦးအောင်ပြည့်စုံဝင်းနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်သာသနာ့ နုဂ္ဂဟအသင်းဥက္ကဋ္ဌဆရာကြီးဦးဘညွန့်နှင့် အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ ဓမ္မစကြာ ဝတ်အသင်းသူများ၊ ဖိတ်ကြားထားသူများ တက်ရောက် ကြည်ညိုခဲ့ကြသည်။ ပန်းစုံ ကျောင်းဆရာတော်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီးပြည်တော်အေးကျောင်း ဆရာတော်ထံမှ သြဝါဒခံယူကြသည်။

ယင်းနောက် အောင်လက်မှတ်များနှင့် လှူဖွယ်ပစ္စည်းအစုစုတို့ကို ပြည်ခိုင်ဖြိုး ပါတီဗဟိုအလုပ်အမှုဆောင်ဦးသောင်းအေး နှင့်ဇနီးဒေါ်သင်းမျိုးမျိုးအောင်၊ တိုင်းဒေသ ကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်စိုး၊ ဦးမြင့်စိုးနှင့်ဇနီးဒေါ်စန်းလေးညွန့်နှင့်တာဝန် ရှိသူများက ဆက်ကပ်လှူဒါန်းပြီး လှူဒါန်း မှုအစုစုတို့အတွက် ပြည်တော်အေးကျောင်း ဆရာတော်ထံမှ အနုမောဓနာတရားနာယူ ပြီး ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။ အောင်လက်မှတ်ဆက်ကပ်လှူဒါန်းပွဲတွင် ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင်နှင့် မိသားစုတို့က အလှူငွေတစ်သိန်းလေး သောင်းပါဝင်လှူဒါန်းပြီး တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်စိုးနှင့် မိသားစုက နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ ကြောင်းသိရသည်။

ဦးမျိုး(ပျော်ဘွယ်)