ထိုင်းလိဂ်(၁)ရဲ့ ပွဲစဉ်(၁) အကောင်းဆုံး(၁၁)ယောက်စာရင်းမှာ ပါဝင်ခဲ့တဲ့ ဇော်မင်းထွန်း
ဇော်မင်းထွန်းကတော့ ဒီနှစ်မှ ချွန်ဘူရီအသင်းကို ပြောင်းရွှေ့ ကစားခဲ့သူ ဖြစ်ပြီး အသင်းရဲ့ အဓိက နောက်ခံလူ အဖြစ် ပါဝင်ကစားခွင့်ရနေသူလည်း ဖြစ်ပါတယ်။
ထိုင်းလိဂ်(၁)ပြိုင်ပွဲကတော့ ပြီးခဲ့တဲ့အပတ်က စတင်ကျင်းပနေပြီ ဖြစ်ပြီး မြန်မာကစားသမားအများစု ပွဲထွက် ပါဝင် ကစားနိုင်ကြတာ တွေ့ရပါတယ်။
မြန်မာ့လက်ရွေးစင် နောက်ခံလူ ဇော်မင်းထွန်း ပါဝင်ကစားနေတဲ့ ချွန်ဘူရီအသင်းကတော့ အဖွင့်ပွဲမှာ နာမည်ကြီး ဘူရီရမ်အသင်းကို အဝေးကွင်းကစားခဲ့ရပေမယ့်လည်း သရေရလဒ် ထွက်ပေါ်အောင်ကစား ထားနိုင်ခဲ့ပါတယ်။
ပွဲချိန် ၁၈ မိနစ်ထဲက တစ်ယောက်လျော့သွားတဲ့ ချွန်ဘူရီအသင်းရဲ့ ခံစစ်ကို အကောင်းဆုံး ကာကွယ်နိုင်ခဲ့တဲ့ ဇော်မင်းထွန်းကတော့ တစ်ပတ်တာ အကောင်းဆုံး အသင်းမှာ ရွေးချယ်ခံခဲ့ရတာ ဖြစ်ပါတယ်။
ဇော်မင်းထွန်းအနေနဲ့ မြန်မာ့လက်ရွေးစင်အသင်းမှာ ကျောနံပါတ် ၃ ဂျာစီကို ၀တ်ဆင်ကစားခဲ့သလို အခု ချွန်ဘူရီအသင်းကလည်း သူ့ရဲ့ အစဉ်အမြဲ ၀တ်ဆင်ကစားလေ့ရှိတဲ့ ကျောနံပါတ် ၃ ဂျာစီကို ဦးစားပေး ၀တ် ဆင်ကစားစေတာကိုလည်းတွေ့ရမှာ ဖြစ်ပါတယ်။
ဇော်မင်းထွန်းအနေနဲ့ ချွန်ဘူရီအသင်းနဲ့ ရာသီကြို ခြေစမ်းပွဲတွေမှာလည်း အဓိက နောက်ခံလူ နေရာကနေ ပွဲတိုင်းပါဝင်ကစားခွင့်ရနေသူ ဖြစ်ကာ အခု လိဂ်အဖွင့်ပွဲမှာလည်း အဓိက နောက်ခံလူ တစ်ဦးအဖြစ် ပွဲထွက် ကစားပြီး ခြေစွမ်းပြကစားနိုင်ခဲ့လို့ ချွန်ဘူရီနဲ့ ပြည်ပ စာမျက်နှာအဖွင့်က ဇော်မင်းထွန်းအတွက် လှပခဲ့ပြီလို့ ဆိုရ မှာပါ။
အခြားသော မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး အောင်သူ ကတော့ မြောင်တောင်အသင်းနဲ့ ပွဲထွက်ခွင့်ရခဲ့ပေမယ့် အကောင်းဆုံး ၁၁ ယောက်စာရင်းမှာတော့ ဖော်ပြခြင်းမခံခဲ့ရပါဘူး။
Source:Duwun