ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီး မြို့နယ် ပါတီကော်မတီဝင်များနှင့်တွေ့ဆုံ

 

ဒေးဒရဲ ဖေဖော်ဝါရီ ၂၄

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဥက္ကဋ္ဌ ဦးစိုးနိုင်သည် ယမန်နေ့ နံနက် ၈ နာရီခွဲက ဒေးဒရဲမြို့နယ် ပြည်ခိုင်ဖြိုး ပါတီရုံးခန်းမ၌ ဧရာဝတီတိုင်းဒေသကြီးပါတီကော်မတီဝင် ဒေါ်စိုးစိုးရီနှင့် ဒေးဒရဲမြို့နယ် ပါတီကော်မတီဝင်များအား တွေ့ဆုံဆွေးနွေးပွဲ ကျင်းပခဲ့သည်။အဆိုပါတွေ့ဆုံပွဲတွင်ပါတီဗဟိုအလုပ် အမှုဆောင်ဦးစိုးနိုင်က မြို့နယ်ပါတီကော် မတီဝင်များအနေဖြင့် မိမိတာဝန်ယူထား သည့်နယ်မြေရှိ ကျေးရွာများအားလုံးသို့ ရောက်အောင်သွားပြီး ကျေးရွာနေပြည်သူ လူထုများနှင့် အမြဲထိတွေ့မှုရှိရန်၊ လုပ် ဖော်ကိုင်ဖက်အချင်းချင်း ညှိညှိနှိုင်းနှိုင်း စည်းစည်းလုံးလုံးလုပ်ဆောင်ကြရန်၊ မဲရုံ အလိုက် မဲရုံတစ်ရုံချင်းစီ အနိုင်ရရှိအောင် လုပ်ဆောင်ကြရန်၊ မဲရုံကိုယ်စားလှယ်များ လုပ်ဆောင်ရမည့်လုပ်ငန်းတာဝန်များအား သိရှိအောင်ပြုလုပ်ပေးရန်၊ လက်ရှိဖြစ်ပေါ် နေသော နိုင်ငံရေးအခြေအနေများအား ပြောကြားခဲ့ပြီး တိုင်းဒေသကြီးပါတီကော် မတီဝင် ဒေါ်စိုးစိုးရီက စည်းရုံးရေးအတွေ့ အကြုံများ၊ မြို့နယ်ပါတီဥက္ကဋ္ဌက မိမိတို့ မြို့နယ်အတွင်း လုပ်ဆောင်နေသော အခြေ အနေများအား တင်ပြဆွေးနွေးကြပြီး အခမ်းအနားအား နံနက် ၁ဝ နာရီ ၄၅ မိနစ်တွင်အောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ပါတီဗဟိုအလုပ်အမှု ဆောင် ဦးစိုးနိုင်သည် ဖျာပုံမြို့နယ် ကြက်ဖမွေးဇောင်းကျေးရွာသို့ မွန်းလွဲ ၁ နာရီခွဲတွင်ရောက်ရှိပြီး ဆရာတော်အား သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများအား ဆက်ကပ်ခဲ့ပြီး ကြက်ဖမွေးဇောင်း၊ အောက်ကမ္ဘာ၊ ဇင်းဘောင်၊ ဗျိုင်းကဝီး၊ အလန်းဖလွတ်၊ ဂေဂုကျေးရွာအုပ်စုများရှိ ပြည်ခိုင်ဖြိုးပါတီ ဝင်များနှင့် တွေ့ဆုံခဲ့ပြီး ကြက်ဖမွေးဇောင်းကျေးရွာအုပ်စုရှိလောက ဟိတဓရ အောက်စီဂျင်လူငယ်လူမှုရေး အဖွဲ့သို့ အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ ကြောင်း သိရသည်။