ကျောက်ဆည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီYouth Day လှုပ်ရှားမှုအဖြစ် လူငယ်များစုပေါင်းသွေးလှူဒါန်း

 

မန္တလေးတိုင်းဒေသကြီး ကျောက် ဆည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီYouth Day လှုပ်ရှားမှုအဖြစ် လူငယ်များစုပေါင်း သွေးလှူဒါန်းခြင်းအခမ်းအနားကို ယနေ့ ၂၅ ရက် နံနက် ၉နာရီက ကျောက်ဆည်ခုတင် ၂ဝဝ အထွေ ထွေရောဂါကုဆေးရုံကြီး၌ ကျင်းပ ခဲ့ကြောင်း သိရသည်။

အဆိုပါ လူငယ်များစုပေါင်း သွေးလှူဒါန်းခြင်းအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးတိုင်းကော်မတီဝင် ကျောက်ဆည်ခရိုင်နယ်မြေတာဝန်ခံ တိုင်းလူငယ်ရေးရာတာဝန်ခံ ဒေါ်သီဂီ င်္အောင်၊ကျောက်ဆည်ခရိုင် ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ ဦးအောင်မြင့်သန်း၊ မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးစိုးစိုးထွန်း၊ အတွင်းရေးမှူးဦး ဆွေဦးနှင့် ကော်မတီဝင်များ၊ ရပ်/ ကျေးစည်းမှူးများ၊ ကျောက်ဆည် ဇီဝိတဒါနသွေးလှူရှင်အဖွဲ့ ဦးမျိုးမြင့်အောင်နှင့် အဖွဲ့ဝင်များ၊ ပါတီဝင် သွေးအလှူရှင် အမျိုးသားအမျိုး သမီးအင်အား ၈၀ ဦးတက် ရောက်ကြသည်။

ထိုသို့ အမျိုးသားအမျိုးသမီး လူငယ်များ သွေးလှူဒါန်းရာတွင် အေသွေး ၉အိတ်၊ ဘီသွေး ၂၆ အိတ်၊ အိုသွေး ၁၄အိတ်၊ အေဘီ သွေးခြောက်အိတ်၊ စုစုပေါင်းသွေး အိတ် ၅၀ အိတ် လှူဒါန်းခဲ့ကြပြီး သွေးအလှူရှင်အမျိုးသား အမျိုး သမီးလေးများအား ကျောက်ဆည် မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးမှ နံနက် စာ အာဟာရထမင်းဖြင့်လည်း ကောင်း၊ ဇီဝိတဒါနသွေးအလှူရှင် အဖွဲ့မှ အချိုရည်၊ ကိတ်မုန့်ဖြင့် လည်းကောင်း၊ မြို့နယ် ပြည်ခိုင် ဖြိုးမှ ကြက်ဥဖြင့်လည်းကောင်း၊ အထွေထွေရောဂါကုဆေးရုံကြီးမှ ကြက်ဥပြုတ်၊လမုန့်များဖြင့်လည်း ကောင်း အသီးသီးအာဟာရကုသိုလ် များပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြည်ခိုင်ဖြိုး မန္တလေးတိုင်းဒေသကြီး