လက်စတာနည်းပြ ကလော့ဒ်ပူအဲလ် ရာထူးမှ ထုတ်ပယ်ခံရ

အသင်းကို ၁၆ လ တာ ၀န်ယူခဲ့သော နည်းပြကလော့ဒ် ပူအဲလ်အား ထုတ်ပယ်ကြောင်း လက်စတာအသင်းက ကြေညာသည်။ ယမန်နေ့က အိမ်ကွင်းတွင် ခရစ္စတယ်ပဲလေ့စ်ကို ၄-၁ ဂိုးဖြင့်ရှုံးနိမ့်သောပွဲသည် ၎င်းနောက်ဆုံး တာဝန်ယူသောပွဲဖြစ်ခဲ့သည်။

လက်စတာအသင်းသည် နောက်ဆုံးလိဂ်ပွဲ ခြောက်ပွဲတွင် ငါးပွဲရှုံးထားပြီး နံပါတ်(၁၂)နေရာ၌ ရှိပြီးနောက် အသင်းက ပူအဲလ် (၅၇)နှစ်ကို ထုတ်ပယ်ခြင်းဖြစ်သည်။

ပြင်သစ်နည်းပြသည် ပထမရာသီက လက်စတာကို နံပါတ် (၉)နေရာသို့ ပို့ဆောင်ခဲ့သည်။ သို့သော် ယခုအခါ လက်စတာက ၂၃ လအတွင်း စတုတ္ထမြောက် နည်းပြကို ရှာဖွေနေပြီဖြစ်သည်။

လက်ထောက်နည်းပြ ဂျက် ကီဘိုနီဖေးလန့် အသင်းမှ ထွက်ခွာမည်ဟု လက်စတာအသင်း ထုတ်ပြန်ချက်က ဖော်ပြပြီး ပထမအသင်းကို အခြားနည်းပြနှစ်ဦး ဖြစ်သော မိုက်စတိုဂဲလ်နှင့် အဒမ်ဆက်ဒလာတို့က ယာယီ ကိုင်တွယ်မည် ဖြစ်သည်။

 လက်စတာအသင်းသားများနှင့် ဆက်ဆံရေးအဆင်မပြေဟု သတင်းများ ထွက်နေသော ပူအဲလ်၏ ရာထူးသည် လပေါင်းများစွာကြာ မရေမရာဖြစ်ခဲ့ပြီး ပွဲကျပ်ကာလတွင် ချယ်လ်ဆီးနှင့် မန်စီးတီးကို ဆက်တိုက်အနိုင်ရရှိခြင်းက အထောက်အကူဖြစ်ခဲ့သော်လည်း ယခုနောက်ဆုံးရှုံးပွဲဆက်မှုက လမ်းခွဲဖြစ်စေခဲ့သည်။

လက်စတာသည် ဖေဖော်ဝါ ရီ ၂၇ ရက်တွင် ဘရိုက်တန်ကို လက်ခံကစားမည်ဖြစ်သည်။

—Ref: Goal